Tesla  Model Y တွင် ဆိုဘာပြားများ တပ်ဆင်အားသွင်း


Tesla  Model Y တွင် ဆိုဘာပြားများ တပ်ဆင်အားသွင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


Tesla Model Y ပိုင်ရှင်တစ်ဦးသည် တစ်ရက်လျှင်  ကားအတွက် မိုင် ၂၀ ကျော် အကွာအဝေးအတွက် ဘက်ထရီ အားသွင်းပေးနိုင်သော ဆိုလာခေါင်မိုးကို  တပ်ဆင်အသုံးပြုပါသည်။ 

၂၀၁၇ ခုနှစ်တွင် တက်စလာ စီအီးအို အီလွန်မတ်စ်က Tesla Model 3 တွင် ဆိုလာတပ်ဆင်နိုင်ရန် နည်းလမ်းများ ကြံဆတီထွင်ရန် တိုက်တွန်းခဲ့ဖူးသော်လည်း လက်တွေ့ အကောင်အထည် မပေါ်ခဲ့ပါ။
ထိုစဉ်ကာလက ဆိုလာဆဲလ်များ၏ စွမ်းဆောင်ရည်မှာ အရည်အသွေး နိမ့်သဖြင့် ရရှိမည့် စွမ်းအင်မှာ နည်းပါးလွန်းနေသည်။ 
ဆိုလာဆဲလ်များ အရည်အသွေး မြင့်မားလာသည့်အခါ တက်စလာမှ အင်ဂျင်နီယာတို့က ဆိုလာအမိုး တပ်ဆင်နိုင်ရန် ဒီဇိုင်းထုတ်ခဲ့ကြသည်။ 

 

Cybertruck ကို မိတ်ဆက်သည့်အခါ မတ်စ်က လျှပ်စစ် ပစ်ကပ်ထရပ် Cybertruck တွင် ဆိုလာပြားပါမည်။ တရက်လျှင် ၁၅ မိုင်အတွက် ဘက်ထရီကို အားသွင်းပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ 
နှစ်အနည်းငယ် ကြာပြီးချိန်တွင် တက်စလာက ကားတွင် တပ်ဆင်သည့် ဆိုလာပြား ဒီဇိုင်းကို မူပိုင်ခွင့် လျှောက်ထား ရယူခဲ့ပါသည်။ 

Cybertruck ထုတ်လုပ်သောအခါ ဆိုလာပြားအမိုး ပါမလာပါ။

ယခု တက်စလာ ကားပိုင်ရှင်က ကားသွားနေစဉ် သိမ်းထားပြီး နေပူထဲ ယာဉ်ရပ်နားထားစဉ် ဆိုလာပြားကို ဖြန့်ထုတ်ကာ အားသွင်းနိုင်သည့် ဆိုလာပြားဒီဇိုင်းကို တီထွင် သုံးစွဲ ပါသည်။
175-watt အထိ ထုတ်ပေးနိုင်သော ဆိုလာပြား ၉ ချပ်ကို သုံးစွဲထားပါသည်။ 

သူက ဝဘ်ဆိုက်တစ်ခုဖြင့် တင်ပြထားသည်ကို အောက်ပါလင့်မှာ ဝင်ရောက်လေ့လာနိုင်ပါသည်။ 

https://www.dartsolar.com/

 

 

 

 

 

 


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 164 times