Tesla ဈေးချသည့် ကစားကွက် ပျမ်းမျှရောင်းဈေးအောက်အထိ ရောက်ရှိ


Tesla ဈေးချသည့် ကစားကွက် ပျမ်းမျှရောင်းဈေးအောက်အထိ ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Tesla Inc.  ယခုအခါ Model Y SUV ၏ စျေးအသက်သာဆုံး ဗားရှင်းအတွက် ရောင်းဈေးနှုန်းသည် အမေရိကန်တွင် ရောင်းချနေသည့် ပုံမှန်ကားသစ်များ၏ ပျမ်းမျှဈေးနှုန်းထက် နည်းပါးနေပါသည်အထိ လျှော့ချထားသည်။

Model Y ရောင်းဈေး $46,990 သည်  ယခုအခါ အမေရိကန်တွင် အိမ်စီးကားများ၊ ပစ်ကပ်ထရပ်ကားများအတွက် ရောင်းဈေးနှုန်းများ၏  ပျမ်းမျှပမာဏထက် $759 လျော့နည်းသည်။
Model Y သည် ယမန်နှစ်က အမေရိကန်တွင် ရောင်းအားအကောင်းဆုံး အီးဗီဖြစ်ပြီး SUV အမျိုးအစားအားလုံးတွင် ရောင်းအားထိပ်တန်းမှာ ရှိနေသည့် မော်ဒယ်များထဲ ပါဝင်သည်။
ရောင်းအားအကောင်းဆုံး ဖြစ်နေပါလျက် အကြီးအကျယ် ဈေးလျှော့ချပစ်ခြင်းကို ယခုခေတ်ကားလောကတွင် ယခင်က မကြုံဖူးပေ။ 

Tesla သည် စျေးနှုန်းစစ်ပွဲကို စတင်နေပြီဖြစ်ကြောင်း ပြောဆိုကြသည်ကို မဟုတ်ပါကြောင်း  Musk က ငြင်းဆိုခဲ့သည်။ သို့သော် ဈေးနှုန်း တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပေါ်သွားစေခဲ့သည်။

ပြင်သစ်မှ Renault SA က Tesla ဈေးအကြီးအကျယ် လျှော့ချခြင်းသည် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်လာသဖြင့် တုံ့ပြန်ရန် ကုမ္ပဏီ၏ ဈေးနှုန်း မဟာဗျူဟာကို ပြန်သုံးသပ်မည်ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင်လည်း BYD အပါအဝင် ကားလုပ်ငန်းများက လျှော့ဈေး ယာယီအစီအစဉ်များ ကြေညာခဲ့သည်။ ယာယီလျှော့ဈေး အစီအစဉ်ကို သက်တမ်းတိုးခဲ့ကြသည်။ 
အချို့ကားကုမ္ပဏီများသည် ဈေးချပြီး ရောင်းခြင်းကြောင့် လုပ်ငန်းပြုတ်သွားနိုင်သည်ဟု လေ့လာဆန်းစစ်သူတို့က သတိပေးခဲ့ကြသည်။
အမေရိကန်တွင် ဈေးချရောင်းရခြင်းကြောင့် အရှုံးခံပြီး အီးဗီထုတ်လုပ်နေသော လုပ်ငန်းသစ်များ အရင်းကြေဖို့ အချိန်ပိုကြာသွားစေသည်။ တောင့်မခံနိုင်ပါက လုပ်ငန်း ရပ်သွားဖွယ် ရှိသည်ဟု သုံးသပ်ကြသည်။
Source Bloomberg 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 251 times