Tesla Model 3 ကားများ နှစ်ထပ်ကွမ်း နှစ်ဆ ဈေးလျှော့ချ


Tesla Model 3 ကားများ နှစ်ထပ်ကွမ်း နှစ်ဆ ဈေးလျှော့ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Tesla Inc သည် အမေရိကန်မှာ ထုတ်လုပ်ထားပြီး မရောင်းချရသေးသည့် လက်ကျန် Model 3 လျှပ်စစ်ကားအသစ်များကို ထပ်မံဈေးလျှော့ချလိုက်ပါသည်။ Model Y အပါအဝင် အခြားမော်ဒယ်များကိုလည်း ဈေးလျှော့ချပါသည်။

ကမ္ဘာ့စီးပွားရေးနှင့် အမေရိကန် နိုင်ငံ့စီးပွားရေး မရေရာခြင်း၊ ဈေးကွက်ထဲ ပြိုင်ဘက်များ ရှိလာခြင်းတို့အပြင် ကားမော်ဒယ်ကို ဒီဇိုင်းပြန်ထုတ်မည့် အစီအစဉ် ရှိနေခြင်းတို့ကြောင့် လက်ကျန်ကားများကို ဈေးချရောင်းခြင်း ဖြစ်သည်။

 Model 3 လက်ကျန်ကားများကို $2,680 လျှော့ချပြီး ဈေးနှုန်း အသစ် $42,060 ဟု သတ်မှတ်သည်။ 
 လွန်ခဲ့သည့် ၂ ပတ် မပြည့်သေးခင်က $1,300 တစ်ကြိမ် ဈေးလျှော့ချခဲ့ပြီး ယခုတစ်ကြိမ် နှစ်ထပ်ကွမ်းအဖြစ် ဈေးလျှော့ချခြင်း ဖြစ်ပြီး ပထမအကြိမ်လျှော့ချခဲ့သည့် ပမာဏ၏ ၂ ဆ ကျော် လျှော့ချလိုက်ခြင်း ဖြစ်သည်။
 
Tesla သည် Model Y ကို $600 ဈေးလျှော့ချသည်။ Model X ကို $6,330 ၊ Model S ကို $5,000 ဈေးလျှော့ချသည်။

စီးပွားရေးအခြေအနေ လေဆန်ကို ရင်ဆိုင်နေရပြီး အပြိုင်အဆိုင်များ တိုးလာနေစဉ် Tesla ကား ထုတ်လုပ်မှု စီးရေ ပိုများလာနေသည်။
ကုမ္ပဏီ လက်ထဲ လက်ကျန်ကားစီးရေ စုပုံမလာစေရန်နှင့် ဈေးကွက်ဝေစုကို ထိန်းရန် ဈေးချပြီး ရောင်းချနေသည်။

Tesla သည် Model 3  ပြန်လည်မွမ်းမံထားသော ဗားရှင်းကို ယခုနှစ်အတွင်း အမေရိကန်တွင် စတင် ရောင်းချရန် စီစဉ်နေသည်။
Model Y ကို Autopilot အတွက် hardware အသစ်ဖြင့် ထုတ်လုပ်နေသည်။

Tesla အမှုဆောင်အရာရှိချုပ် Elon Musk က ကုမ္ပဏီသည် ပထမဆုံးအကြိမ်အဖြစ် ကြော်ငြာ အစမ်းသုံးကြည့်မည်ဟု ရှယ်ယာရှင်များအား ပြောကြားခဲ့သည်။ 


Tesla သည်လည်း ကမ္ဘာ့စီးပွားရေး၏ ဒဏ်ကို ခံရမည်ဖြစ်ပြီး လာမည့် ၁၂ လတာတွင် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း Musk က သတိပေးခဲ့သည်။

Source Reuters 
 

Read 515 times