Tesla ရှန်ဟိုင်း စက်ရုံဝင်းတွင် ဘက်ထရီ အကြီးစားများ ထုတ်လုပ်မည်


Tesla ရှန်ဟိုင်း စက်ရုံဝင်းတွင် ဘက်ထရီ အကြီးစားများ ထုတ်လုပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Tesla Inc သည် Megapack စွမ်းအင်သိုလှောင်မှု ဘက်ထရီ အကြီးစားများ ထုတ်လုပ်ရန် ရှန်ဟိုင်းတွင် စက်ရုံတစ်ခုတည်ဆောက်မည်ဖြစ်ကြောင်း တရုတ်အစိုးရမီဒီယာ ဆင်ဟွာက တနင်္ဂနွေနေ့ (ဧပြီ ၉)တွင် သတင်း ဖော်ပြခဲ့သည်။

တတိယသုံးလပတ်တွင် လက်ရှိစက်ရုံဝင်းအတွင်း ပန္နက်ချမည်။ ထုတ်လုပ်မှုကို ၂၀၂၄ ဒုတိယ၃ လပတ်တွင် စတင်မည်။

 ရှန်ဟိုင်းမှ အကြီးစား စက်ရုံကြီးသည် အီးဗီများ ထုတ်လုပ်လျက်ရှိသည်။ ၎င်းစက်ရုံဝင်းအတွင်းမှ အကြီးစားဘက်ထရီ စက်ရုံသစ်သည် စစချင်းတွင်  Megapack တစ်နှစ်လျှင်ခုရေ ၁ သောင်း ထုတ်လုပ်မည်။ ၎င်းMegapack ၁ သောင်း၏ စွမ်းအင်သိုလှောင်နိုင်စွမ်း ပမာဏ စုစုပေါင်းမှာ 40 gigawatt hours ဖြစ်ပါသည် 

Megapacks များသည် Tesla ၏ လစ်သီယမ်-အိုင်းယွန်းဘက်ထရီများဖြစ်ပြီး ဘက်ထရီဖြင့် စွမ်းအင်သိုလှောင်သည့် ပါဝါရုံများတွင် အသုံးပြုသည်။ နေရောင်ခြည်စွမ်းအင်ဖြင့် ဘက်ထရီများကို အားသွင်းသည့်  ပါဝါရုံများ ဖြစ်ပါသည်။


Source Xinhua 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 172 times