Tesla အမြန်အားသွင်းစနစ် သုံးစွဲရန် Jaguar လက်မှတ်ရေးထိုး 


Tesla အမြန်အားသွင်းစနစ် သုံးစွဲရန် Jaguar လက်မှတ်ရေးထိုး 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Tesla ၏ Supercharger အားသွင်းကွန်ရက်တွင် Jaguar မှ ထုတ်လုပ်သည့် အီးဗီများ အားသွင်းခွင့် ရရှိရန်  Tesla နှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း Jaguar မှ ကြေညာသည်။

အန္ဒိယမှ Tata Motors က ပိုင်ဆိုင်သည် Jaguar Land Rover JLR  ၏ အမှတ်တံဆိပ် တစ်ခု ဖြစ်သော ဗြိတိသျှမှ အဓွန့်ရှည်ကြာ ကားထုတ်လုပ်ငန်း Jaguar သည် Tesla မှ ဒီဇိုင်းထုတ်ထား NACS ချိတ်ဆက်ကိရိယာကို အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့အတွက် သုံးစွဲမည် ဖြစ်သည်။
Jaguar မှ ထုတ်လုပ်သည့် I-PACE အီးဗီမော်ဒယ် မျိုးဆက်သစ်တွင် NACS Supercharger များတွင် အားသွင်းရန် ပလပ်ပေါက် တပ်ဆင်ပေးထားမည် ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၂၅ မော်ဒယ် I-PACE  အီးဗီများ NACS ပလပ်ပေါက် ပါလာမည် ဖြစ်သည်။
 လက်ရှိမော်ဒယ်များသည် adapter သုံးစွဲပြီး ချိတ်ဆက်ရမည် ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် Supercharger များတွင် အားသွင်းခွင့် စတင်ရရှိမည်။ 

North American Charging Standard (NACS) ဟု အမည်ပေးထားသည့် အမြန်အားသွင်းစနစ်မှ Supercharger များကို သုံးစွဲခွင့်အတွက် လက်မှတ်ရေးထိုးသည့် ကားကုမ္ပဏီများ ယခုနှစ်တွင် တစထက်တစ များလာနေသည်။ 
NACS သုံးရန် Tesla နှင့် လက်မှတ်ရေးထိုးထားသည့် ကားလုပ်ငန်းများမှာ
• Ford
• GM
• Honda
• Jaguar
• Mercedes-Benz
• Nissan
• Polestar
• Rivian
• Volvo
 တို့ ဖြစ်ပါသည်။

Source electrek
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 594 times