Tesla က တစ်နှစ်တာ ကားပို့ဆောင်ရန် Hyundai Glovis ကို ဒေါ်လာ ၄၂၂ သန်းဖြင့် စာချုပ်


Tesla က တစ်နှစ်တာ ကားပို့ဆောင်ရန် Hyundai Glovis ကို ဒေါ်လာ ၄၂၂ သန်းဖြင့် စာချုပ်

Tesla က အမေရိကန်ဒေါ်လာ ၄၂၂ သန်းတန် သက်တမ်း တစ်နှစ် စာချုပ်ကို တောင်ကိုရီးယားမှ  လောဂျစ္စတစ်ကုမ္ပဏီ Hyundai Glovis နဲ့ ချုပ်ဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Tesla ကားစက်ရုံမှ ထုတ်လုပ်မယ့် ကားတွေကို ပင်လယ်ရပ်ခြားဈေးကွက်များသို့ ပို့ဆောင်ရန်အတွက် ဖြစ်ပါတယ်။

ရှန်ဟိုင်းမြို့မှ Tesla ရဲ့ ကားစက်ရုံ Gigafactory Shanghai မှ ၂၀၂၁ အတွင်း ထုတ်လုပ်တဲ့ ကားအများစုကို ပြည်ပသို့ တင်ပို့ခဲ့ပါတယ်။  ဥရောပသို့ Gigafactory Shanghai မှာ ထုတ်လုပ်တဲ့ Model 3 စီးရေ ၇,၀၀၀ ကို တင်ပို့ခဲ့ပါတယ်။

Hyundai Glovis အနေဖြင့် သက်တမ်း ၁၃ နှစ်မှာ ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုနှင့် စာချုပ်တာမှာ Tesla နဲ့ စာချုပ်က ပမာဏ အများဆုံး ဖြစ်ပါတယ်။

Read 1437 times