Tesla ပေးပို့ ကားစီးရေ စီအီးအို ရည်မှန်းချက် မပြည့်သော်လည်း စံချိန်သစ်တင်


Tesla ပေးပို့ ကားစီးရေ စီအီးအို ရည်မှန်းချက် မပြည့်သော်လည်း စံချိန်သစ်တင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Tesla သည် ယခုနှစ်အစပိုင်းတွင် စီအီးအို အီလွန်မတ်စ်မှ ထုတ်ဖော်ပြောဆိုခဲ့သော ကြီးမားသော ရည်မှန်းချက်ဖြစ်သည့် တစ်နှစ်တာ လျှပ်စစ်ကားများ  မှာကြားသူများထံ ပို့ဆောင်သည့် စီးရေ ၂ သန်းကို ပြည့်မီမည် မဟုတ်သော်လည်း သုံးလပတ် တစ်ခုအတွင်း ပေးပို့သည့် စီးရေ နောက်ထပ် စံချိန်သစ်တင်မည် ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် ကားမော်ဒယ် ၄ ခုကို ရောင်းချခဲ့ရာ၌ အရောင်းနှေးနေသဖြင့် အရောင်းသွက်အောင် အကြိမ်ကြိမ် ဈေးချပြီး ရောင်းခဲ့သည်။ တရုတ်ပြည်တွင် ဈေးကွက်ဝေစု ဆုံးရှုံးသည်။ 

အမေရိကန်တွင် တက်စလာသည် ဦးဆောင်သူမေရာကို ဆက်လက်ထိန်းသိမ်းထားသည်။ ဈေးချရောင်းပြီး ယှဉ်ပြိုင်ကြသည့် ဈေးနှုန်းစစ်ပွဲ၊ အီးဗီ ဝယ်လိုအား နှေးနေခြင်းတို့ကြောင့် Ford Motor အပါအဝင် ကားထုတ်လုပ်သူတို့သည် အီးဗီကဏ္ဍအတွက် ရှေ့ဆက်မည့် အစီအစဉ်များကို တုံ့နှေးထားလိုက်ကြသည်။ တိုယိုတာနှင့် BYD တို့၏ ဟိုက်ဘရစ်လမ်းစဉ်နောက်သို့ လိုက်ကြသည်။ 
သို့ဖြစ်ရာ တက်စလာကို ပခုံးချင်းယှဉ်မည့်သူ မရှိနိုင်တော့ချေ။


တက်စလာသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာတစ်လွှား အစီးရေ ၁.၈၂ သန်းကို မှာကြားထားသူများထံ ပေးပို့မည်ဟု ခန့်မှန်းသည်။ 
၂၀၂၃ ခုနှစ် စတုတ္ထပတ်တွင် အစီးရေ ၄၇၃,၀၀၀ ခန့် ပေးပို့မည် ဖြစ်သည်။


Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 926 times