Tesla နည်းတူ ဖို့ဒ်နှင့် ဟွန်ဒေးတို့ အီတလီ ဖိပုံသွန်းစက် သုံးစွဲကြမည်


Tesla နည်းတူ ဖို့ဒ်နှင့် ဟွန်ဒေးတို့ အီတလီ ဖိပုံသွန်းစက် သုံးစွဲကြမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Tesla ကားထုတ်လုပ်ရာတွင် သုံးစွဲသည့် အကြီးစား ဖိပုံသွန်းစက်ထုတ်လုပ်သည့် အီတလီမှ Idra ထံတွင် Ford နှင့် Hyundai တို့ကလည်း ၎င်းတို့၏ ကားထုတ်လုပ်မှုအတွက် အကြီးစား ဖိပုံသွန်းစက် မှာကြားထားကြသည်။

 အကြီးစား ဖိပုံသွန်းစက်ဖြင့် ကားကိုယ်ထည် ထုတ်လုပ်သည့် နည်းလမ်းကို Tesla က လမ်းသစ်ထွင်ခဲ့သည်။ ၎င်းအကြီးစား ဖိပုံသွန်းစက်မျိုးကို 'gigapresses' ဟု Tesla က အမည်ပေးထားသည်။ ကားကိုယ်ထည်မှာ ပါသည့် အစိတ်အပိုင်းများ ရာဂဏန်းကို တခုတည်း တသားတည်းအဖြစ် ဖိပုံသွင်းပြီး ထုတ်လုပ်သည့်နည်းလမ်းဖြစ်သဖြင့် အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာသည်။ ထုတ်လုပ်မှု ပိုချောမွေ့သည်။ 
ကားကိုယ်ထည်ကို ရှေ့ခြမ်း တစ်ခု၊ နောက်ခြမ်း တခု ထုတ်လုပ်ပြီး ရှေ့ခြမ်းနှင့် နောက်ခြမ်းကို ဘက်ထရီထုပ်ဖြင့် တွဲပေးထားသည်။ ကားတစ်စီးလုံးအတွက် ကိုယ်ထည်တွင် အပိုင်း ၃ ပိုင်းသာ တွဲစပ်ထားသည်။ 

ဖို့ဒ်မှ မှာကြားထားသည့် 'gigapress 6,100' ဖိပုံသွန်းစက်သည် ဖိအား တန်ချိန် ၆,၀၀၀ ကျော်ဖြင့် ဖိပေးသည်။  ကိုယ်ထည်တွင် Ford အမှတ်တံဆိပ်ကို အသားတံဆိပ်အဖြစ် ပါပြီးသားကို ရရှိသည်။ ယခုအခါ အီတလီ မြောက်ပိုင်းရှိ Idra ၏ စက်ရုံတွင် အပြီးသတ်အဆင့် စမ်းသပ်မှုများ လုပ်ဆောင်နေသည်။ 

'gigapress 6,100 ထက် အရွယ်အစား ပိုကြီးမားသည့် နောက်ဆုံးမော်ဒယ် gigapress 9,000 ၏ အရွယ်အစားသည် တင်းနစ်ကွင်း တကွင်းစာ ရှိသည်။  Hyundai လုပ်ငန်းစုထံမှ အမှာစာ လက်ခံရရှိထားသည်။   

IDRA သည် Tesla အတွက် gigapress ဖိပုံသွန်းစက် ၁၄ လုံး ထုတ်လုပ်ပေးပို့ပြီးပြီ ဖြစ်သည်။ ယင်းတို့အနက် နှစ်လုံးမှာ 9,000 မော်ဒယ် ဖြစ်ပြီး Tesla က cybertruck ထုတ်လုပ်ရာတွင် အသုံးပြုသည်။ 

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2008 times