မက္ကဆီကို တက်စလာ ကားစက်ရုံသစ်အတွက် ဒေါ်လာ ၁၃၅ သန်း မက်လုံး အစီအစဉ် ပေးအပ်


မက္ကဆီကို တက်စလာ ကားစက်ရုံသစ်အတွက် ဒေါ်လာ ၁၃၅ သန်း မက်လုံး အစီအစဉ် ပေးအပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

၂၀၂၃ ခုနှစ် မတ်လတွင် မက္ကဆီကို နိုင်ငံတွင် Gigafactory Mexico  ကားစက်ရုံ တည်ဆောက်မည်ဟု Tesla က  တရားဝင်ကြေညာခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် တက်စလာက ဖြစ်ပေါ်နေသည့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ၎င်းစက်ရုံ စီမံကိန်းကို ဘရိတ်နင်းပြှီး ဆိုင်းငံ့ထားကြောင်း အတည်ပြု ပြောကြားပါသည်။

စီအီးအို အီလွန်မတ်စ်က စီမံကိန်းကို အကောင်အထည် ဖော်ဖြစ်မည်မှာ သေချာကြောင်း၊ မည်သည့်အချိန် စတင် အကောင်အထည်ဖော်မည် ဆိုသည်မှာ ကမ္ဘာ့စီးပွားရေး ပြန်ကောင်းလာချိန်အပေါ် မူတည်ကြောင်း ပြောကြားပါသည်။
လက်ရှိတွင် အမေရိကန်နိုင်ငံမှ တက္ကဆက် စက်ရုံတွင် ရင်းနှီးမြှုပ်နှံနေပါသည်။ 

မက္ကဆီကို အာဏာပိုင်တို့က စက်ရုံအတွက် ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။

Gigafactory Mexico  ဆောက်လုပ်ရေးလုပ်ငန်းစတင်ရန် လိုအပ်သော ပါမစ်အားလုံးကို ရရှိထားပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့ပါသည်။

စက်ရုံတည်ဆောက်မည့် နေရာဖြစ်သည့် Nuevo León ပြည်နယ်မှာ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ကန်ဒေါ်လာ ၁၃၅ သန်း သုံးစွဲရန် ပြည်နယ် စီးပွားဖွံ့ဖြိုးရေးကောင်စီမှ ခွင့်ပြုထားသည်။  
နွေဗိုလီအွန်ပြည်နယ်အတွက် ပြဋ္ဌာန်းထားသည့် Investment Promotion Law and Employment အပေါ် အခြေခံပြီး အတည်ပြုပေးခဲ့သည်။

မက်လုံးအစီအစဉ်သည် စက်ရုံအတွက် လိုအပ်မည့် ရေရရှိရေး၊ လမ်းများ ဖောက်လုပ်ခြင်း အစရှိသည့် အခြေခံအဆောက်အအုံအတွက် သုံးစွဲမည် ဖြစ်သည်။ 
စုစုပေါင်းကုန်ကျစရိတ်မှာ ပီဆို ၂,၆၂၇ သန်း (ကန်ဒေါ်လာ ၁၅၃ သန်း) ဖြစ်ပါသည်။ 

တက်စလာသည် စက်ရုံစီမံကိန်းတွင် အနည်းဆုံး ကန်ဒေါ်လာ ၄.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်၊ အလုပ်အကိုင် ၄,၅၀၀ ဖန်တီးပေးမည်ဟု နွေဗိုလီအွန် အာဏာပိုင်တို့က ပြောကြားသည်။

Source  Electrek
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2665 times