Tesla ကားကိုယ်ထည်ဖိပုံသွင်း ဆန်းသစ်တီထွင်မှုအသစ် အောင်မြင်မှု ရရှိ


Tesla ကားကိုယ်ထည်ဖိပုံသွင်း ဆန်းသစ်တီထွင်မှုအသစ် အောင်မြင်မှု ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Tesla သည် လျှပ်စစ်ကားများ ထုတ်လုပ်ပုံကို ပြောင်းလဲပေးခြင်းဖြင့် နည်းပညာဆိုင်ရာ လမ်းသစ်ဖောက်ခြင်းနှင့်  ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ထက်ဝက်လျှော့ချခြင်း ရည်ရွယ်ချက်များ အောင်မြင်စေရန် တီထွင်ဆန်းသစ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

 

ဖိပုံသွင်းစက် အစိတ်အပိုင်းတစ်ခုကို တွေ့မြင်ရပုံ

 

Tesla သည်  Model Y ၏ ရှေ့ခြမ်းနှင့် နောက်ခြမ်း ကိုယ်ထည်များမှ အစိတ်အပိုင်းများ တပေါင်းတစည်းတည်းဖြင့် ပုံသွင်းရန်အတွက် တန်ချိန် ၆,၀၀၀ မှ ၉,၀၀ ထိ  အလွန်ကြီးမားသောဖိအားများကို အသုံးပြုသည့် "gigacasting" ဖိပုံသွင်းစက်နှင့် လုပ်ငန်းစဉ်တို့ကို ဆန်းသစ်တီထွင်ခဲ့သည်။ ရလာသော ရှေ့ခြမ်းနှင့် နောက်ခြမ်းတို့ကို ကားတွင် ဘက်ထရီထုပ် ထားရှိပြီး တွဲဆက်ပေးလိုက်ခြင်းဖြင့် ကားကို ထုတ်လုပ်သည်။ 
ယခုအခါ တိုယိုတာ အပါအဝင် ကားလုပ်ငန်းအချို့သည် ၎င်းဖိပုံသွင်း နည်းလမ်းကို အတုယူပြီး အီးဗီထုတ်လုပ်ရန် စီစဉ်နေကြပြီဖြစ်သည်။

Tesla သည် ရှေ့မှ ဦးဆောင်လျက်ရှိရာ ယခုအခါ အီးဗီ ကိုယ်ထည်တခုလုံးကို တပေါင်းတစည်းတည်း တခုတည်းအဖြစ် ဖိပုံသွင်းနိုင်မည့် ဆန်းသစ်တီထွင်မှုသည် အောင်မြင်လုနီးပါး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ 
သာမန် အိမ်စီးကားတစီးတွင် အစိတ်အပိုင်း ခုရေ ၄၀၀ ခန့် တပ်ဆင်ပေးရသည်ကို Tesla ၏ ဖိပုံသွင်း နည်းလမ်းက တခုတည်းအဖြစ် ဖိပုံသွင်းပြီး ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။ 
ကားကို ဒီဇိုင်းထုတ်သည့်အဆင့်ကတည်းက ထိုသို့ ထုတ်လုပ်နိုင်အောင် ဒီဇိုင်းထုတ်ထားသည်။
သို့ဖြစ်ရာ ကားဒီဇိုင်း ထုတ်ပုံနှင့် ကားထုတ်လုပ်ပုံတို့ အကြီးအကျယ် ပြောင်းလဲသွားပြီဖြစ်သည်။

တခုတည်းသော ဖရိန်တွင် ကားရှေ့ခြမ်းနှင့် နောက်ခြမ်းတို့ ပါဝင်နေပြီး အလယ်နေရာတွင် ဘက်ထရီထုပ် တပ်ဆင်မည့်နေရာ ပါဝင်သည်။
Tesla က အရွယ်အစားငယ်သည့် အီးဗီကို ထုတ်လုပ်ပြီး $25,000 ဖြင့် ရောင်းချဖို့ ရည်ရွယ်ထားသဖြင့် ၎င်းဖရိန်သည် ၂၀၂၅ ဝန်းကျင်တွင် ထွက်လာမည့် ဒေါ်လာ ၂သောင်းခွဲတန် အီးဗီအငယ်စားအတွက် ဖြစ်မည်ဟု ယူဆကြသည်။ ထို့ပြင် robotaxi အတွက်လည်း ဖြစ်နိုင်သည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1588 times