Tesla သုံးသည့် ဖိပုံသွင်း 'gigacasting' နည်းလမ်း Toyota အသုံးပြုမည်


Tesla သုံးသည့် ဖိပုံသွင်း 'gigacasting' နည်းလမ်း Toyota အသုံးပြုမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Toyota Motor သည် လျှပ်စစ်ကားများကို အမြောက်အမြား ထုတ်လုပ်ရန် ပြင်ဆင်လျက်ရှိရာ အင်ဂျင်ကားများ တပ်ဆင်ထုတ်လုပ်သည့် သမားရိုးကျ တပ်ဆင်ထုတ်လုပ်ရေးလိုင်းအစား Tesla သုံးစွဲသည့် အီးဗီတပ်ဆင်ထုတ်လုပ်ရေးလိုင်းပုံစံကို ပြောင်းလဲ သုံးစွဲမည် ဖြစ်သည်။ Tesla သုံးစွဲသည့် နည်းလမ်းသည် အချိန်ကုန် ငွေကုန် သက်သာသည်။

Gigacasting သည် သေးငယ်သော အစိတ်အပိုင်းများကို ပေါင်းစပ်ပြီး တစ်ခုတည်း အဖြစ် ထုတ်လုပ်သည်။

ကားကိုယ်ထည်မှာ အစိတ်အပိုင်းများ တစ်ခုချင်း တပ်ဆင်ခြင်းအစား  "gigacasting" နည်းလမ်းကို Toyota သုံးစွဲမည် ဖြစ်သည်။
 
၂၀၂၆ ခုနှစ်တွင် ထုတ်လုပ်မည့် အီးဗီများတွင် စတင်သုံးစွဲမည်ဟု Toyota Motor က ပြောကြားသည်။

 "လိုအပ်သော အစိတ်အပိုင်းများ ပိုလျော့နည်းပြီး တပ်ဆင်ရတဲ့ အဆင့်များကို လျှော့ချခြင်းဖြင့် ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်စေမယ်" ဟု Toyota မှ အသစ်ထူထောင်ထားသည့် ဌာနခွဲ BEV Factory ၏ အကြီးအကဲ Takero Kato က ပြောကြားသည်။
 

Toyota စိတ်ကူးထားသည့် ကားကိုယ်ထည်တွင် အရှေ့၊ အလယ်၊ အနောက် အပိုင်း ၃ ပိုင်း ပိုင်းခြားထားသည်။
ကားကို အပေါ်ခြမ်း အောက်ခြမ်း ပိုင်းခြားခြင်း မပြုတော့ချေ။ အပေါ်ခြမ်းနှင့် အောက်ခြမ်းတို့ကို တစ်ခုတည်းအဖြစ်  ထုတ်လုပ်မည် ဖြစ်သည်။
Gigacast ကို အရှေ့နှင့် အနောက်တို့အတွက် အသုံးပြုမည်။

 

 

အနောက်ပိုင်းတွင် သတ္တုအစိတ်အပိုင်း ၈၆ ခု ပါဝင်ပြီး လက်ရှိသုံးစွဲသည့် တပ်ဆင်ရေး နည်းလမ်းအရ အဆင့်ဆင့် တပ်ဆင်ပေးရာ၌ အဆင့် ၃၃ ဆင့် ထားရှိပြီး တပ်ဆင်သည်။ Gigacast က ၎င်းတို့အားလုံးကို တစ်ခုတည်းသော အစိတ်အပိုင်းအဖြစ် ထုတ်လုပ်ပေးမည်။
အလားတူပင် အရှေ့ခြမ်းမှ အစိတ်အပိုင်း ၈၁ ခုကိုလည်း တစ်ခုတည်းသော အစိတ်အပိုင်းအဖြစ် ထုတ်လုပ်ပေးမည်။

သို့ဖြစ်ရာ အချိန်ကုန် သက်သာသည်။ အဆင့်ဆင့် တပ်ဆင်ရာ၌ သုံးစွဲရသည့် စက်များ ၊ အလုပ်သမားများ မလိုအပ်တော့သဖြင့် ကုန်ကျစရိတ် သက်သာသည်။
 

Tesla သည် အီးဗီများ ထုတ်လုပ်ရာတွင် ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အထိ ကာလအတွင်း ကုန်ကျစရိတ်ကို ထက်ဝက်လျှော့ချနိုင်ခဲ့သည်။ ကားရောင်းဈေးကို ထက်ဝက် လျှော့ချခြင်းမပြုသဖြင့် ရရှိသည့် အမြတ်ပမာဏ ကြီးမားသွားစေသည်။ ကားတစ်စီး ရောင်းချလျှင် ရရှိသည့် ပျမ်းမျှ အသားတင် အမြတ်သည် တိုယိုတာထက် ၅ ဆ ပိုများသည်။

Source Asia nikkei 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 751 times