Tesla အမှုဆောင်အရာရှိများသည် ထိုင်းနိုင်ငံရှိ စက်မှုဇုန်များကို ကြည့်ရှုခဲ့ကြဟု ထိုင်းဝန်ကြီးချုပ် ပ


Tesla အမှုဆောင်အရာရှိများသည် ထိုင်းနိုင်ငံရှိ စက်မှုဇုန်များကို ကြည့်ရှုခဲ့ကြဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆရက်သာ သာဝီဆင်က ထိုင်းနိုင်ငံတွင်  အလားအလာရှိသော Tesla  ရင်းနှီးမြှုပ်နှံမှုအတွက် Tesla အမှုဆောင်များကို နိုင်ငံတွင်းရှိ စက်မှုဇုန်များတွင် လိုက်လံ ပြသခဲ့ကြောင်း ပြောကြားခဲ့သည်။

 တက်စလာသည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်ဟု သူယုံကြည်ကြောင်းလည်း သူက ပြောကြားသည်။

နိုင်ငံရေးသမားအသစ်ဖြစ်သော ဆရက်သာသည် ဩဂုတ်လတွင် ၀န်ကြီးချုပ်ဖြစ်လာခဲ့ပြီး တစ်လအကြာတွင် တက်စလာ အကြီးအကဲ အီလွန်မတ်စ်နှင့် တွေ့ဆုံခဲ့သည်။

အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်သော ထိုင်းနိုင်ငံသည် ဒေသတွင်းမှာ ကားစီးရေ အများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ကားစီးရေ အများဆုံး ပြည်ပသို့ တင်ပို့သည့် နိုင်ငံလည်း ဖြစ်သည်။
အဓိအားဖြင့် ဂျပန်ကားထုတ်လုပ်သူများ ဖြစ်သည့် Toyota Motor Corp, Isuzu Motors, Honda Motor တို့ ထုတ်လုပ်သည့် ကားများဖြစ်သည်။
၎င်းတို့သည် ထိုင်းမော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍကို ကြီးစိုးထားကြသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်သည်။

ထိုင်းအစိုးက ၂၀၃၀ ခုနှစ် နောက်ဆုံးထားပြီး နှစ်စဉ်ထုတ်လုပ်သည့် ကားစီးရေ ၂ သန်းခွဲတွင် အနည်းဆုံး သုံးပုံတပုံကို အီးဗီစစ်စစ်များ ဖြစ်စေလိုသည်။
ထို့အတွက် အီးဗီထုတ်လုပ်မှုကဏ္ဍအတွက် မက်လုံး အစီအစဉ်များ ကျင့်သုံးလျက်ရှိသည်။

Source: Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 195 times