Tesla ရဲ့ စူပါအားသွင်းရုံနှင့် drive-in ရုပ်ရှင်ရုံ
Tesla ရဲ့ အနာဂတ်စိတ်ကူးတစ်ခု ဖြစ်တဲ့ ကားပေါ်မှ ကြည့်ရတဲ့ ရုပ်ရှင်ရုံဖြစ်တဲ့ drive-in ရုပ်ရှင်ရုံနှင့် စူပါအားသွင်းရုံ Supercharger station တို့ ယခုအခါ လက်တွေ့ ပေါ်ပေါက်လာဖို့ အတော်နီးစပ်နေပါပြီ။
မည်သို့မည်ပုံ တည်ဆောက်သွားမယ်ဆိုတဲ့ ဆောက်လုပ်ရေးအစီအစဉ်လည်း ရေးဆွဲပြီးပါပြီ။

ကားမောင်းဝင် ရုပ်ရုင်ရုံနှင့် စူပါချာဂျာစတေရှင် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ လုပ်ခဲ့တာ ကြာခဲ့ပါပြီ။
၂၀၁၈ မှာ Elon Musk က တစ်ချိန်တစ်ခါက ခေတ်စားခဲ့တဲ့ ကားမောင်းဝင်ပြီး ကြည့်ရတဲ့ ရုပ်ရှင်ရုံ၊ ရိုလာစကိတ်နှင့် ရော့ခ် စားသောက်ဆိုင်တို့ကို Tesla Supercharger Station အသစ်တွေနားမှာ ထားရှိမယ်။ လော့စ်အိန်ဂျယ်လိစ်မြို့မှာ အကောင်အထည်ဖော်မယ်" လို့ ပြောခဲ့ပါတယ်။ သူက ရယ်စရာ joke လုပ်တာလားဦ နောက်နေတာလားလို့ ထင်ကြပါတယ်။ အခုတော့ သူက တကဘ် အတည်ပြောနေတာ ဖြစ်နေတယ်။

သူပြောဆိုပြီး လအနည်းငယ်အကြာမှာ အဆောက်အဦတွေ ဆောက်လုပ်ဖို့ ပါမစ်တင်ပါတယ်။ စူပါချာဂျာစတေရှင်နှင့် စားသောက်ဆိုင် စီမံကိန်းတစ်ခုကို စန်နာ မိုနီကာမှ နေရာတစ်ခုမှာ ဆောက်လုပ်ဖို့ ခွင့်ပြုမိန့် လျှောက်ထားပါတယ်။ ဒါပေမဲ့ ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အက်ဥပဒေများမှာ မလွတ်ကင်းတဲ့အချက်တွေ ပါနေလို့ ခွင့်ပြုမိန့် မကျဘူး။
ယခုနှစ် နှစ်ဆန်းပိုင်းမှာ Tesla က စူပါချာဂျာနှင့် စားသောက်ဆိုင် စီမံကိန်းကို ဟောလီဝုဒ်မှာ ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။
မေလမှာ Tesla က ဆောက်လုပ်မယ့် အစီအစဉ်ကို သက်ဆိုင်ရာ မြို့အာဏာပိုင် အဖွဲ့အစည်းထံ တင်ပြပြီး ခွင့်ပြုမိန့် လျှောက်ထားပါတယ်။

စားသောက်ဆိုင် အဆောက်အဦက စက်ဝိုင်းစိတ်ပုံ ဖြစ်ပြီး စူပါချာဂျာ ၂၉ ခုပါတဲ့ အာသွင်းရုံ ပါဝင်ပါတယ်။ ကားမောင်းဝင် ရုပ်ရှင်ရုံ နှစ်ရုံ ပါဝင်ပါတယ်။

ဗိသုကာ နမူနာ ပုံစံထုတ်ရာမှာ အထူးကျွမ်းကျင်သူ Ed Howard က ခွင့်ပြုမိန့်တင်ထားတဲ့ ဖိုင်မှ အချက်အလက်များဖြင့် အဆောက်အဦကို ပုံဖော်ပေးပြီး Twitter မှာ အများသူငါ ကြည့်ရှုလေ့လာနိုင်အောင် Twitter မှာ တင်ပြပေးပါတယ်။
သူက အပိုထပ်ထည့်ထားတာတွေလည်း ပါဝင်ပါတယ်။ Tesla Diner လို့ အမည်ပေးထားတဲ့ စားသောက်ဆိုင် အဆောက်အဦမှာ "Milliways" လို့ အမည်ဆိုင်းဘုတ်တပ်ပေးထားတာ သူ့စိတ်ကူးအမည် ဖြစ်ပါတယ်။
ဟာသ သိပ္ပံ စိတ်ကူးယဉ် ဇာတ်လမ်း The Hitchhiker's Guide to the Galaxy မှာ ပါတဲ့ အမည် ဖြစ်ပါတယ်။ စကြာဝဠာကြီးရဲ့ အဆုံးသတ်နေရာမှာ တည်ရှိတဲ့ စားသောက်ဆိုင်အမည် ဖြစ်ပါတယ်။

ပုံထဲမှာ ပါတဲ့ လူပုံတွေမှာလည်း အထင်ကရဖြစ်သူတွေရဲ့ ပုံတွေကို Ed Howard က သုံးထားပါတယ်။
ပုံမှာ အားလုံးနီပါးကတော့ ဆောက်လုပ်ရေးအစီအစဉ်မှာ ပါတဲ့အတိုင်း ပုံဖော်ပေးထားတယ်လို့ ဆိုပါတယ်။ အကောင်အထည် ရုပ်လုံးပေါ်လာတဲ့အခါ ဘယ်လိုမြင်ရမလဲ ဆိုတာကို ပုံပေါ်ပါတယ်။

ခေတ်ဟောင်းက ကားမောင်းဝင် ရုပ်ရှင်ရုံမှာ ခေတ်ပေါ် အဆင့်မြင့်နည်းပညာသုံးပြီး ပြသတဲ့ ရုပ်ရှင်ရုံ နှစ်ရုံ ဖြစ်လာမှာပါ။
ဆောက်လုပ်မယ့် အချိန်ဇယားကိုတော့ မသိကြရသေးပါဘူး။ ဘယ်တော့လောက် ပါမစ်ကျမှာလဲဆိုတဲ့အချက်အပေါ် မူတည်ပါတယ်။

#MyanmarAutomobileGuide
Ed Howard ရဲ့ တင်ပြချက်ကို ဖော်ပြအပ်ပါတယ်။
Tesla Diner, Drive-in theater and Supercharger station final renderings. 20 Easter eggs to be found - if you know Elon's world. To see hi-res images, after clicking an image, right click in bigger image, open in new tab(pc). pic4 is cheat sheet.#Tesla #SpaceX #boring #ElonMusk pic.twitter.com/7QsN7faJQ9
— Ed Howard (@HowardModels) June 6, 2022
#MyanmarAutomobileGuide