Tesla  တရုတ်ပြည်မှာ ဈေးထပ်ချ


Tesla  တရုတ်ပြည်မှာ ဈေးထပ်ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Tesla က တရုတ်နိုင်ငံမှာ စျေးထပ်ချလိုက်ပါတယ်။
Model Y မော်ဒယ်များ ဖြစ်ကြတဲ့ long-range နှင့် performance နှစ်မျိုးစလုံးကို ယွမ် ၁၄,၀၀၀ ($1,929) ဈေးလျှော့ပေးပါတယ်။
ယခု နောက်ဆုံး ဈေးနှုန်းများမှာ Model Y long-range မော်ဒယ် ဈေးနှုန်းက ယွမ် ၂၉၉,၉၀၀ ($41,340) ဖြစ်ပြီး performance မော်ဒယ် ဈေးနှုန်းက ယွမ် ၃၄၉,၉၀၀ ($48,200) ဖြစ်ပါတယ်။
ရာခိုင်နှုန်းအားဖြင့်  long-range မော်ဒယ်ကို ၄.၅% နှင့် performance မော်ဒယ်ကို ၃.၈% ဈေးလျှော့ပေးလိုက်ပါတယ်။

Model 3 ကိုတော့ Tesla ရွေးချယ်ထားတဲ့ အာမခံလုပ်ငန်းဖြင့် အာမခံ ထားမယ်ဆိုရင် ထောက်ပံ့ကြေး ယွမ် ၈,၀၀၀ ($1,107) ရရှိမှာ ဖြစ်ပါတယ်။ ‌၎င်းအစီအစဉ်က စက်တင်ဘာလကုန်အထိ ဖြစ်ပါတယ်။ 

ဈေးချပြီး ရောင်းတာကို Tesla က ဇန်နဝါရီလမှာ စတင်ခဲ့ပါတယ်။ 
Tesla က တရုတ်ပြည်မှာ ဈေးကွက်ဝေစု ဆုံးရှုံးခဲ့ပြီးချိန်မှာ ဈေးချရောင်းခဲ့တာ ဖြစ်ပါတယ်။
တရုတ်ပြည်တွင်း ဈေးကွက်မှာ လျှော့ဈေး စစ်ပွဲ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဈေးချရောင်းတဲ့အတွက် Tesla ရတဲ့အမြတ် လျော့ကျသွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အနည်းဆုံးရေချိန်သို့ ကျဆင်းပါတယ်။

အကြိမ်ကြိမ် ဈေးချခဲ့တဲ့အတွက် ကားဝယ်မယ့်သူတွေထဲမှာ အချို့က ဈေးထပ်ချဦးမှာကို စောင့်ကြပါတယ်။
မေလမှာ Tesla က ဈေးပြန်တင်လိုက်ပါတယ်။ တကမ္ဘာလုံးမှာ ဈေးတက်လိုက်တာဖြစ်ပြီး တရုတ်ပြည်မှာ အများဆုံး ဈေးတင်ခဲ့ပါတယ်။
ဈေးထပ်ချဦးမယ်လို့ အပိုင်တွက်ထားလို့ မရဘူး ဆိုတာကို သိစေပြီး  ဈေးထပ်ချဦးမှာကို စောင့်ကြသူတွေ ကားဝယ်ဖို့ ကြိမ်တို့လိုက်တာလို့ လေ့လာဆန်းစစ်သူများက သုံးသပ်ကြပါတယ်။
Source cnn
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 761 times