နားနားနေနေ အပန်းဖြေ ၂၄ နာရီပတ်လည် စူပါအားသွင်းရုံ တက်စလာ တည်ဆောက်


နားနားနေနေ အပန်းဖြေ ၂၄ နာရီပတ်လည် စူပါအားသွင်းရုံ တက်စလာ တည်ဆောက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တက်စလာ၏ စီအီးအို အီလွန်မတ်စ်သည် အီးဗီများ အားသွင်းလျှင် စောင့်ဆိုင်းနေရသည့် ကြာချိန်တွင် နားနားနေနေ အပန်းဖြေနိုင်မည့် အာသွင်းစခန်း စိတ်ကူးကို လွန်ခဲ့သည့် ၆ နှစ်ဝန်းကျင်က စတင်စိတ်ကူးခဲ့ရာ ယခုအခါ ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ 

 

 

ဘီလျံနာ အီလွန်မတ်စ်က ခေတ်ဟောင်းက ကားဖြင့် ရုပ်ရှင်ပြသည့် ကွင်းထဲသို့ မောင်းဝင်ပြီး ကြည့်ရသည့် မောင်းဝင်ရုပ်ရှင်ရုံကို အားသွင်းစခန်းတွင် ထည့်ထားသည်။ စားသောက်ဆိုင်လည်း ပါသည်။ 

လော့အိန်ဂျယ်လိစ်တွင် ၎င်းအမြန်အားသွင်းစခန်းကို တည်ဆောက်လျက် ရှိသည်။

 

မိနစ် ၃၀ ဝန်းကျင် ကြာသည့် ရုပ်ရှင်ကားများကို ပြသမည် ဖြစ်သည်။ 

 ကားအားသွင်းထားစဉ် ရုပ်ရှင်ကြည့်နိုင်မည်။ အစားအသောက် မှာစားနိုင်မည်။ 

၎င်းအားသွင်းစခန်း တည်နေရာမှာ  7001 W. Santa Monica Boulevard, West Hollywood ဖြစ်ပါသည်။

အားသွင်းစခန်းတွင် အီးဗီ အစီး ၃၀ တပြိုင်တည်း အားသွင်းနိုင်သည်။ တက်စလာ၏ Supercharger  အမြန်အားသွင်းစနစ်ဖြင့် အားသွင်းမည် ဖြစ်သည်။

 

 

ယခုအခါ အနောက်တိုင်းနှင့် ဂျပန်မှ ကားကုမ္ပဏီများသည် ၎င်းတို့၏ ကားများကို တက်စလာ၏ အားသွင်းပလပ်ဖြင့် အားသွင်းနိုင်အောင် ထုတ်လုပ်ကြတော့မည် ဖြစ်သဖြင့် ၎င်းအားသွင်းစခန်းတွင် အားသွင်းနိုင်ကြမည် ဖြစ်သည်။ 

 

Source 247tesla

 

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Read 193 times