Tesla က CyberVault အိမ်သုံး အားသွင်းတိုင် ကြော်ငြာ


Tesla က CyberVault အိမ်သုံး အားသွင်းတိုင် ကြော်ငြာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

လျှပ်စစ်ကားကို အိမ်မှာ အားသွင်းဖို့အတွက် အိမ်သုံး အားသွင်းတိုင် charging pile အသစ်တစ်မျိုးကို “CyberVault” အမည်ဖြင့် Tesla China က ကြော်ငြာဗီဒီယို တင်ပြခဲ့ပါသည်။
Tesla မှ ထုတ်လုပ်မည့် Cybertruck စိတ်ကူးဖြင့် အားသွင်းတိုင်ကို ဒီဇိုင်း ထုတ်ထားပါသည်။
Tesla မှ ထုတ်လုပ်သည့် အီးဗီများအတွက် အားသွင်းရန် နည်းလမ်းတစ်ခု ရရှိရန် CyberVault အားသွင်းတိုင်ကို ထုတ်လုပ်ခြင်းဖြစ်ပြီး ကုမ္ပဏီအနေဖြင့်လည်း ဝင်ငွေရမည့် ရောင်းကုန်တစ်မျိုး ထပ်တိုးမည် ဖြစ်ပါသည်။

Tesla China မှ ၎င်း၏တရားဝင် Weibo အကောင့်တွင် ကြေညာထားသည်မှာ CyberVault သည် Cybertruck စိတ်ကူးဖြင့် ထုတ်လုပ်ထားသော အိမ်သုံးအားသွင်းစနစ်ဖြစ်သဖြင့် ဒူပေနာပေခံသည့် Cybertruck နည်းတူ အကြမ်းခံသည်ဟု ဆိုသည်။
CyberVault အားသွင်းတိုင်၏ အပြင်ကိုယ်ထည်အကာကို အကြမ်းခံအောင် ဒီဇိုင်းထုတ်ထားသည်။
"Tesla CyberVault အားသွင်းတိုင်သည် Tesla မော်ဒယ်များအားလုံးနှင့် တွဲဖက်အသုံးပြုနိုင်သော single-phase 220V အားသွင်းကိရိယာတစ်ခုဖြစ်သည်။ အားသွင်းစွမ်းရည်မှာ 32A/7KW ဖြစ်သည်။ အားသွင်းကေဘယ်အလျားမှာ ၆ မီတာ ရှည်သည်။"ဟု Tesla China က ရေးသားထားသည်။

CyberVault သည် ဖုန်နှင့် ရေ လုံသည်။ ကိုယ်ထည်ကို တူဖြင့် ထုသည်ကို ခံနိုင်ရည် ရှိသည်အထိ အကြမ်းခံသည်။
ရောင်းဈေးမှာ ယွမ် ၅,၅၀၀ ($800) ဖြစ်ပါသည်။ 

Source teslarati


 

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 229 times