Tesla Cybertruck နှင့် ဆင်ဆင်တူနေတဲ့ Honda e:N SUV


Tesla Cybertruck နှင့် ဆင်ဆင်တူနေတဲ့ Honda e:N SUV

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Honda သည် Tesla Cybertruck ဒီဇိုင်းကို အရေခွံခြုံထားတယ်လို့ ပြောရမယ့် e:N SUV ကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။
e:N SUV ဟာ Honda  ရဲ့ အီးဗီ စီးရီးသစ်များထဲမှ တစ်ခုဖြစ်ပါတယ်။ Honda က အီးဗီ မော်ဒယ် ၁၀ မျိုး ထုတ်လုပ်ဖို့ အစီအစဉ် ရှိပြီး လာမယ့် ၅ နှစ်အတွင်း ကမ္ဘာတစ်လွှားသို့ တင်ပို့ရောင်းချသွားမှာ ဖြစ်ပါတယ်။
Tesla ရဲ့ Cybertruck နှင့် အနီးစပ်ဆုံး တူနေတဲ့ e:N SUV ကိုတော့ တရုတ်ပြည်တွင်း ဈေးကွက်အတွက်သာ ထုတ်လုပ်ဖို့ လောလောဆယ် ရည်ရွယ်ထားပါတယ်။ e:N F Architecture ပလက်ဖောင်းဖြင့် တည်ဆောက်မှာ ဖြစ်ပါတယ်။
e:N SUV က ဟိုက်ဘရစ် လျှပ်စစ်ကား ဖြစ်ပါတယ်။ 

Honda မှာ အီးဗီများ ထုတ်လုပ်ရန် e:N F Architecture  နှင့် e:N W Architecture  ပလက်ဖောင်း ၂ ခု ရှိသော်လည်း e:N F Architecture အသုံးပြုတဲ့ မော်ဒယ်များကိုသာ စတင် ထုတ်လုပ်ပါတယ်။
တရုတ်ပြည်တွင်းဈေးကွက်အတွက် Honda e:NS1  နှင့် Honda e:NP1 မော်ဒယ်များကို တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်ကြတဲ့ Dongfeng နှင့် GAC တို့က ထုတ်လုပ်ပေးကြပါတယ်။ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ကြပါတယ်။ မော်ဒယ် နှစ်မျိုးလုံး ရှေ့ဘီးယက် ဖြစ်ပါတယ်။
ယခုလို ထုတ်လုပ်ရန်အတွက် Honda က ဖက်စပ်လုပ်ငန်းများ ထူထောင်ထားပါတယ်။ GAC နှင့်   GAC Honda ဖက်စပ်လုပ်ငန်း ထူထောင်ထားပြီး Dongfeng နှင့် Honda Dongfeng ဖက်စပ်လုပ်ငန်း ထူထောင်ထားပါတယ်။

Honda ရဲ့ တရုတ်ပြည်တွင်းဈေးကွက်အတွက် brand ဖြစ်တဲ့ e:N ဖြင့် မော်ဒယ် ၁၀ မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
ယခုအထိ မော်ဒယ် ၄ မျိုးအထိ Honda က စိတ်ကူးအဆင့် concept ကားများအဖြစ် ပြသခဲ့ပြီးပြီ ဖြစ်ပါတယ်။ 

  • e:N SUV (Cybertruck စတိုင်လ်)
  • e:N GT
  • e:N Coupe
  • e:N2 

တို့ ဖြစ်ပါတယ်။ 
အီးဗီများအတွက် e:N OS ဆော့ဖ်ဝဲ ထုတ်လုပ်ထားပါတယ်။
ယာဉ်မောင်းထောက်ကူ ဉာဏ်ရည်တုမှာ Honda Sensing 360 နှင့် Honda Sensing Elite တို့ ပါဝင်ပါတယ်။

Honda က အီးဗီများ ထုတ်လုပ်ရန် စက်ရုံနှစ်ခုကို တရုတ်ပြည်မှာ တည်ဆောက်ဆဲ ဖြစ်ပါတယ်။ ၂၀၂၄ မှာ ထုတ်လုပ်မှု စတင်ဖို့ ရည်မှန်းထားပါတယ်။
“e:N Series” အတွက် Honda ရဲ့ မူလမူရင်း ရည်ရွယ်ချက်က အီးဗီခေတ်ကို ရောက်ရှိလာတဲ့ တရုတ်ပြည်တွင်း ဈေးကွက်အတွက်ဖြစ်ပါတယ်။  ကမ္ဘာ့ဈေးကွက်ထဲကို ထွက်လာတဲ့အခါ ဆီလျော်ရာ မော်ဒယ်အမည် တပ်ပြီး ထွက်လာပါလိမ့်မယ်။ 
e:N မှာ 'e' က energize နှင့် electric ကို ရည်ညွှန်းပါတယ်။ 
'N' က new နှင့် next ကို ရည်ညွန်းပါတယ်။

 

 


Source vehiclesuggest

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1598 times