Tesla က ပထမဆုံး  Cybertruck ထုတ်လုပ်ပြီးစီးကြောင်း ကြေညာ


Tesla က ပထမဆုံး  Cybertruck ထုတ်လုပ်ပြီးစီးကြောင်း ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Cybertruck ရှေ့ပြေးပုံစံကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဖော်ပြသခဲ့ပြီးကတည်းက ကြိုတင်မှာယူထားသူများသည် စောင့်မျှော်နေသည့်   Cybertruck  ပစ်ကပ်ကို စတင်ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။ 

Tesla သည် ပထမဆုံး Cybertruck လျှပ်စစ်ပစ်ကပ်ကို Gigafactory Texas တွင် တည်ဆောက်ခဲ့ကြောင်း ဇူလိုင် ၁၅ ရက်တွင် ကြေညာခဲ့သည်။

Twitter  တွင် ဓာတ်ပုံနှင့်တကွ အသိပေးကြေညာခဲ့သည်။ 


 

Cybertruck  သည် Tesla ထုတ်လုပ်သည့် အိမ်စီးကားမော်ဒယ်များတွင် ပဥ္စမမြောက်မော်ဒယ် ဖြစ်ပါသည်။ စတုတ္တမြောက် အိမ်စီးကားမော်ဒယ် Model Y ကို ၂၀၂၀ ဇန်နဝါရီလတွင် စတင်ထုတ်လုပ်ခဲ့ပြီးနောက် ၃ နှစ်ခွဲအကြာတွင် ပဥ္စမမြောက်မော်ဒယ် Cybertruck  ကို စတင်ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါသည်။ 

အမေရိကန်ကားဈေးကွက်တွင် လျှပ်စစ် ပစ်ကပ်ထရပ်များ ရေပန်းအစားဆုံး ဖြစ်နေချိန်တွင် လျှပ်စစ် ပစ်ကပ်ထရပ် Cybertruck  စတင်ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ အချိန်ကောင်းအခါကောင်း ဖြစ်နေသည်ကတစ်ကြောင်း၊ Tesla ၏ ပစ်ကပ်ထရပ်ကား ဖြစ်နေသည်ကတစ်ကြောင်းတို့ကြောင့် ရောင်းအား အောင်မြင်မှု ရရှိမှာ သေချာနေပါသည်။ 

မေလတွင် Elon Musk က Tesla က တစ်နှစ်လျှင် Cybertruck စီးရေ ၂ သိန်းခွဲ နှင့် ၅ သိန်း ကြား ရောင်းချနိုင်မည်ဟု ခန့်မှန်းခဲ့သည်။ လူအများ တတ်နိုင်သည့် ရောင်းဈေးဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားမည်ဟု ပြောကြားခဲ့ပြီး ကားမော်ဒယ်အသစ် ထုတ်လုပ်ရေးလိုင်းအသစ် ဖြစ်နေသည့်အတွက် ဈေးသက်သာအောင် လုပ်ဖို့ မလွယ်ကူကြောင်းလည်း ပြောကြားခဲ့သည်။ exoskeleton ဟု ၎င်းက အမည်ပေးထားသည့် သတ္တုစပ်အသား ကိုယ်ထည်ဖြင့်တည်ဆောက်ထားခြင်းသည် Cybertruck ၏ ထူးခြားချက် ဖြစ်သည်။ 

ဧပြီလတွင် Elon Musk မှ Cybertruck များကို ကြိုတင်မှာကြားထားသူများထံ လွှဲပြောင်းပေးအပ်ပွဲကို "တတိယသုံးလပတ်ကုန်" တွင်ကျင်းပမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ သို့ဖြစ်ရာ ၂၀၂၃ စက်တင်ဘာလကုန်တွင် ဖြစ်မည်ဟု ယူဆရသည်။ 

Source: Tesla / Twitter
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 415 times