ဈေးချ ရောင်းခြင်းဖြင့် ပြိုင်ဘက်များကို Tesla ထိုးနှက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla Inc သည် ၂၀၂၂ ခုနှစ် ထုတ်လုပ်ပေးပို့မှု လျာထားချက် မပြည့်မီခဲ့ပါ။
ပြင်းထန်သော လျှော့စျေးဖြင့် ရောင်းအားမြှင်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် ကမ္ဘာတစ်လွှားတွင် Tesla ကားဈေးနှုန်းများ ပျမ်းမျှအားဖြင့် ၂၀% လျှော့ချသည်။
ဈေးချခြင်းသည် ပြိုင်ဘက်များအတွက် ခေါင်းခဲရသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။
ကားတစ်စီး ရောင်ချလိုက်သည်အခါ ရရှိသည့် အသားတင်အမြတ်ကို လျှော့ယူပြီး ဈေးချရောင်းခြင်းသည် ရမည်အမြတ် လျော့ကျခြင်းမျှသာ ဖြစ်သည်။ အသားတင်အမြတ် ပါးပါးသာ ရသော ကားမော်ဒယ်များ၊ လောလောဆယ် အမြတ်မပေါ်သေးသည့် ကားမော်ဒယ်များအဖို့ ဈေးချရောင်းလျှင် တစ်စီးရောင်းတိုင်း တစ်ခါရှုံးနေတော့မည် ဖြစ်သည်။
Tesla သည် ယခင်က ထုတ်လုပ်ပေးနိုင်သည့် စီးရေထက် ကြိုတင်အမှာစာ စီးရေက များနေခဲ့သည်။ ယခုအခါ စက်ရုံအသစ်များ ရှိလာခြင်း၊ ထုတ်လုပ်စွမ်းရည် မြှင့်တင်ခြင်းတို့ကြောင့် ဝယ်လိုအားနှင့် ထုတ်လုပ်နိုင်စွမ်းတို့ မတိမ်းမယိမ်း ဖြစ်လာသည်။ ယခင်လို ကွာဟချက် မကြီးမားတော့ချေ။ သို့ဖြစ်ရာ နောက်ထပ် ထုတ်လုပ်စွမ်းရည် တိုးမြှင့်ပြီး ထုတ်မည်ဆိုပါက ဝယ်လိုအားထက် ပိုများသွားပြီး ကားများ ပိုလျှံနေမည့်အရေး ရှိသဖြင့် ကုမ္ပဏီသည် ထုတ်လုပ်စီးရေ ဆက်လက် ကြီးထွားဖို့ ခက်ခဲသွားတော့မည်။ သို့ဖြစ်ရာ ရောင်းအား ဆက်လက်ကြီးထွားနေရန် ဈေးချရောင်းလိုက်သည့်အတွက် ဝယ်လိုအား ခုန်တက်သွားသည်၊ ဈေးကွက်ဝေစု မြင့်တက်သွားသည်။ ပြိုင်ဘက်များကို ထိုးနှက်လိုက်သည့်သဘော သက်ရောက်သည်။ ကုမ္ပဏီသည်လည်း စီးရေတိုးမြှင့် ထုတ်လုပ်ဖို့ အဆင်ပြေသွားသည်။
စီအီးအို Elon Musk က ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် မြင့်မားသောဘဏ်အတိုးနှုန်းများသည် ကုမ္ပဏီ ဆက်လက်ကြီးထွားနှုန်း နှေးစေနိုင်သဖြင့် ရောင်းအားကြီးထွားမှုကို ဆက်ထိန်းထားရန် အမြတ်ကို အနာခံပြီး စျေးနှုန်းများကို နှိမ့်ချရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Tesla ကားများ၏ စျေးနှုန်းများသည် "ရှက်စရာကောင်းလောက်အောင် မြင့်လာသည်" ဟု ယမန်နှစ်က Musk ပြောဆိုခဲ့ပြီး ဝယ်လိုအားကို ထိခိုက်စေနိုင်ကြောင်း သူက သတိပေးခဲ့သည်။
Tesla သည် အမေရိကန်၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကတလွှား၊ အာရှ နေရာအနှံ့ ဈေးနှုန်းများ လျှော့ချခဲ့သည်။
ယခင်က ဈေးကြီးနေသဖြင့် လက်လှမ်းမမီသူများအဖို့ ယခုလျှော့ဈေးသည် တတ်နိုင်သည့် ဈေးနှုန်း ဖြစ်လာသည်။
အမေရိကန်နှင့် ပြင်သစ်တို့မှ ဝယ်ယူသူများသည် လျှော့ဈေး ရရှိသည့်အပြင် အစိုးရမှ ပေးအပ်သည် အခွန်လျှော့ပေါ့မှုကိုလည်း ရရှိကြမည် ဖြစ်သည်။
Advertisement
Click Here > Bawgawadi
Tesla ၏ ကမ္ဘာ့ရောင်းအားအကောင်းဆုံး Model 3 ဆီဒင် နှင့် Model Y crossover SUV များအတွက် အမေရိကန်ဈေးကွက်တွင် ၆% မှ ၁၂% အထိ ဈေးချထားသည်။
အခြေခံ Model Y ဈေးနှုန်းသည် ယခင် $65,990 ဖြစ်ပြီး ယခု $52,990 ဟု သတ်မှတ်ထားသည်။
၂၀၂၃ ဇန်နဝါရီလ ၁ ရက်မှစ၍ အမေရိကန်ပြည်ထောင်စု အခွန်လျှော့ပေါ့မှုကို လျှပ်စစ်ကား ဝယ်ယူသူတို့ ခံစားခွင့် $7,500 ရရှိကြမည်ဖြစ်ရာ Tesla ၏ အီးဗီကို ဝယ်ယူသူအဖို့ လျှော့ဈေးနှင့် အခွန်သက်သာမှု ၂ ရပ်ပေါင်း ၃၀% ကျော် သက်သာသွားမည် ဖြစ်သည်။
အမေရိကန်ဈေးကွက်တွင် စည်းစိမ်ကားမော်ဒယ် Model X luxury crossover SUV နှင့် Model S တို့၏ ဈေးနှုန်းများကိုလည်း Tesla က လျှော့ချပေးထားသည်။
ဂျာမနီတွင် Model 3 နှင့် Model Y တို့ကို ၁% မှ ၁၇% နီးပါးအထိ ဈေးချပေးသည်။
အရောင်းရဆုံး Model Y ကို ယူရို 9,100 လျှော့ချပြီး ယူရို 44,890($48,499) ဟု သတ်မှတ်သည်။
ဩစတြီးယား၊ ဆွစ်ဇာလန်နှင့် ပြင်သစ်တို့တွင်လည်း ဈေးနှုန်းများ လျှော့ချခဲ့သည်။
ပြင်သစ်တွင် အစိုးရက ရောင်းဈေး ယူရို 47,000 မကျော်သော အီးဗီ ဝယ်ယူလျှင် ယူရို 5,000 ထောက်ပံ့သည်။ သို့ဖြစ်ရာ Model 3 ကို ယူရို 44,990 ဖြင့် ရောင်းချသဖြင့် အစိုးရထောက်ပံ့ကြေးတွင် အကျုံးဝင်နေသည်။
အမေရိကန်တွင်လည်း ငါးယောက်စီး Model Y သည် အစိုးရ ထောက်ပံ့ကြေး အကျုံးဝင်သည့် ဈေးနှုန်းဘောင်ကို ကျော်နေခဲ့သည်။ ယခု ဈေးချလိုက်သောအခါ ခရီးဝေးဝေး သွားနိုင်သည့် Model Y သည် အကျုံးဝင်သွားသည်။
ယခုလို ဈေးချသဖြင့် ရရှိသည့်အမြတ်ပမာဏ လျော့ကျသည်။ ၂၀၂၃ တွင် ၂၀၂၂ ထက် ၃% လျော့ကျသည်။
ရောင်းအား ၁၂% မှ ၁၅% အထိ မြင့်တက်မည်ဟု ခန့်မှန်းထားသည်။
၂၀၂၁ ခုနှစ်တွင် အမေရိကန်နှင့် တရုတ် ဈေးကွက် နှစ်ခုပေါင်း ရောင်းအားသည် Tesla ရောင်းအားစုစုပေါင်း၏ ၇၅% ခန့်ရှိခဲ့သည်။ ယခုအခါ ဥရောပဈေးကွက် ရောင်းအား ကြီးထွားလာခဲ့သည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U