ဟွန်ဒါ စီဗစ် တစစီဖြုတ်ပြီး တက်စလာ လေ့လာ


ဟွန်ဒါ စီဗစ် တစစီဖြုတ်ပြီး တက်စလာ လေ့လာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Tesla သည် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် Redwood ဟု ကုဒ်အမည်ပေးထားသော လူအများ ဝယ်စီးနိုင်မည့် ဈေးနှုန်း အတိုင်းအတာဖြင့် ရောင်းချမည့် လျှပ်စစ်ကားအသစ်ကို ထုတ်လုပ်လိုကြောင်း ၎င်းထံ ယာဉ်ပစ္စည်း ပေးသွင်းသူများအားအကြောင်းကြား အသိပေးခဲ့သည်။

၎င်းမော်ဒယ်မှာ crossover အငယ်စား မော်ဒယ် ဖြစ်သည်။ 

 

တက်စလာ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်သည်  ပိုမိုစျေးသက်သာသော လျှပ်စစ်ကားပလက်ဖောင်း နောက်မျိုးဆက်သစ်ဖြင့် စျေးနှုန်းသက်သာသော လျှပ်စစ်ကားများနှင့် မောင်းသူမဲ့ ရိုဘိုတက္ကဆီတို့ကို ထုတ်လုပ်မည်ဟု ပြောခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

 

၎င်းမော်ဒယ်များတွင် ဈေးအနိမ့် $25,000 ဖြင့် ရောင်းချရန် ရည်မှန်းထားသည့် မော်ဒယ် ပါဝင်ပြီး ၎င်းမော်ဒယ်သည် ဈေးသက်သာသည့် ဓာတ်ဆီအင်ဂျင်ကားများကို ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်မည်။ တရုတ်ပြည်မှ ဈေးသက်သာသည့်  အီးဗီမော်ဒယ်များကိုလည်း ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။  

အီလွန်မတ်စ်က ၂၀၂၀ ပြည့်နှစ်တွင် ဒေါ်လာ ၂၅,၀၀၀ ဖြင့် ရောင်းချမည့် ကား‌မော်ဒယ် ထုတ်လုပ်တည်မည်ဟု ကတိပြုခဲ့ပြီး နောက်ပိုင်းတွင် ခေတ္တဆိုင်းငံ့ထားကာ ယခုအခါ ပြန်လည်အသက်ဝင်လာခဲ့သည်။

 

လက်ရှိတွင် တက်စလာ၏ ဈေးအသက်သာဆုံး မော်ဒယ်မှာ အမေရိကန်တွင် $38,990 ဖြင့် ရောင်းချသည့် Model 3 ဆီဒင် ဖြစ်သည်။ 

ဘဏ်အတိုးနှုန်းများ မြင့်မားနေသဖြင့် ကားဝယ်ရန် ဘဏ်မှ ချေးငွေရယူလျှင် ပေးရမည့် အတိုးက များနေသဖြင့်  စားသုံးသူ ဝယ်လိုအားအပေါ် ဘဏ်အတိုးက ပိနေသောကြောင့် ကားရောင်းအား ကျမည်ကို လွန်စွာစိုးရိမ်မိကြောင်း ပြီးခဲ့သည့်နှစ်တွင် မတ်စ်က ပြောကြားခဲ့သည်။

ဝယ်သည့်ကားက ဈေးမြင့်လေလေ ချေးရသည့် ချေးငွေပမာဏ ပိုများလေလေ ဖြစ်သဖြင့် ပေးရမည့် အတိုးသက်သာအောင်  ဈေးအနိမ့်ကား ထုတ်လုပ်ရန် ဦးတည်လိုက်ခြင်း ဖြစ်မည်ဟု ယူဆကြသည်။

တက်စလာက "Redwood"  မော်ဒယ်အတွက် ကားပစ္စည်း ပေးသွင်းသူများထံ ဈေးနှုန်း စာရင်း တောင်းခံထားသည်။ ထို့ပြင် တင်ဒါ ပြိုင်ရန်လည်း ဖိတ်ခေါ်ထားသည်။

ရက်သတ္တပတ် တပတ်လျှင် အစီးရေ ၁၀,၀၀၀ ထုတ်လုပ်ရန် လျာထားသည်ဟု အသိပေးထားသည်။

ထုတ်လုပ်မှုကို ၂၀၂၅ ခုနှစ်  ဇွန်လတွင် စတင်မည်ဖြစ်သည်။

 

Tesla သည် မော်ဒယ် နှစ်မျိုး စုစုပေါင်း  တစ်နှစ်လျှင် ကားအစီးရေ ၅ သန်းခန့် ရောင်းချနိုင်သည့် အလားအလာဖြင့်  ထုတ်လုပ်ရန် လုပ်ဆောင်နေကြောင်း မတ်စ်က ၂၀၂၃ ခုနှစ် မေလတွင် ပြောကြားခဲ့သည်။

မော်ဒယ် နှစ်မျိုးစလုံးသည် လက်ရှိ ထုတ်လုပ်နေသည့် ကမ္ဘာ့ဈေးကွက်ထဲမှ အီးဗီများထက် ခေါင်းတလုံး ပိုမြင့်မည်ဟု မတ်စ်က ပြောကြားခဲ့သည်။

 

တက်စလာသည် ဈေးသက်သာသည့် အီးဗီကို ထုတ်လုပ်ရန်အတွက် အမေရိကန်တွင် $23,950 ဖြင့် ရောင်းချလျက်ရှိသည့် Honda Civic ကို တစ်စစီ ဖြုတ်ကြည့်ပြီး "ကားတွေကို စျေးသက်သာအောင် ဘယ်လိုလုပ်ရမလဲ" ဆိုသည်ကို လေ့လာခဲ့သည်။

 

ဈေးမကြီးသည့် ရိုဘိုတက္ကဆီနှင့် ဈေးအနိမ့်တန်း $25,000 အီးဗီတို့သည် သုတေသနနှင့် ဖွံ့ဖြိုးရေးနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေရန် အခြေခံအားဖြင့် အတူတူ ဖြစ်မည်။ "NV9X" ဟု အမည်ပေးထားသည့် ဗိသုကာကို အသုံးပြုမည်။ 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 938 times