ကမ္ဘာ့အချမ်းသာဆုံး အမေရိကန်ဘီလျံနာ ၂ ရက်ကြာ တရုတ်ခရီးစဉ် ပြီးဆုံး


ကမ္ဘာ့အချမ်းသာဆုံး အမေရိကန်ဘီလျံနာ ၂ ရက်ကြာ တရုတ်ခရီးစဉ် ပြီးဆုံး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မေလအတွင်း Tesla Inc ရဲ့ ရှယ်ယာဈေးနှုန်း ၄၂% မြင့်တက်ခဲ့လို့ Tesla Inc ရှယ်ယာ ၁၃% ပိုင်ဆိုင်ထားသူ Tesla Inc အမှုဆောင်အရာရှိချုပ် Elon Musk ဟာ ကမ္ဘာ့အချမ်းသာဆုံး ပြန်ဖြစ်လာချိန်မှာ သူ့ရဲ့  ၂ ရက်ကြာ တရုတ်ခရီးစဉ် ပြီးဆုံးခဲ့ပါတယ်။
 Bloomberg Billionaires Index ရဲ့အဆိုအရ  အီလွန်မတ်စ်ဟာ ကန်ဒေါ်လာ ၁၉၂ ဘီလီယံ ချမ်းသာပါတယ်။
.
Tesla Inc ၏ အမှုဆောင်အရာရှိချုပ် Elon Musk ဟာ တရုတ်နိုင်ငံတွင် အဆင့်အမြင့်ဆုံး ဒုတိယဝန်ကြီးချုပ် အပါအဝင် တရုတ်အစိုးရ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံခဲ့တဲ့ နှစ်ရက်ကြာ ခရီးစဉ်အပြီး ဇွန်လ ၁ ရက်တွင် ရှန်ဟိုင်းမြို့မှ ထွက်ခွာခဲ့ပါတယ်။

 Tesla ရဲ့ အကြီးမားဆုံးစက်ရုံ “Giga Shanghai” ကို ဗုဒ္ဓဟူးနေ့(မေ ၃၁) မှာ သွားရောက်ခဲ့ပြီး ဝန်ထမ်းများနှင့်အတူ အမှတ်တရ ဓာတ်ပုံ ၊ ဗီဒီယို ရိုက်ခဲ့ပါတယ်။
 Giga ဆိုတဲ့ စာလုံးကို ရင်ဘတ်ရှေ့မှာ ကိုင်ထားတဲ့ ဓာတ်ပုံများ အွန်လိုင်းမှာ ထွက်ပေါ်ခဲ့ပါတယ်။
 .
Tesla မှ ထုတ်လွှတ်သောဗီဒီယိုတွင် Musk က "အခက်အခဲများနှင့်စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ခြင်း" ချီးကျူးစကား ပြောကြပြီး နှလုံးပုံကို လက်ဟန်ပြသတာ တွေ့ကြရပါတယ်။
.
တရုတ်နိုင်ငံသို့ ဆိုက်ရောက်တဲ့ အင်္ဂါနေ့မှာ တရုတ်နိုင်ငံခြားရေး၊ စီးပွားကူးသန်းနှင့် စက်မှု ဝန်ကြီးတို့နှင့် ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ 
.
Tesla ကားများအတွက် ဘက်ထရီထုပ်များ ပေးသွင်းနေတဲ့ Contemporary Amperex Technology Co Ltd (CATL) ဥက္ကဋ္ဌနှင့် ညစာ အတူစားခဲ့ပါတယ်။
.
ဗုဒ္ဓဟူးနေ့မှာ တရုတ်ဒုတိယဝန်ကြီးချုပ် Ding Xuexiang နှင့်လည်း တွေ့ဆုံခဲ့ပါတယ်။
.
Ding အနေဖြင့် နိုင်ငံခြားသား စီအီးအို တစ်ဦးနှင့် တစ်ဦးချင်း တွေ့ဆုံတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက Musk တရုတ်ပြည်သို့ လာရောက်ခဲ့စဉ်မှာ ထိုစဉ်က ဝန်ကြီးချုပ် Li Keqiang နှင့် တစ်ဦးချင်း တွေ့ဆုံခဲ့ပါတယ်။
.
အမေရိကန် ဘီလီယံနာ အီလွန်မတ်စ်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ ကြာသပတေးနေ့ နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့ Hongqiao လေဆိပ်မှ ထွက်ခွာခဲ့ပြီး Tesla ကမ္ဘာလုံးဆိုင်ရာ ရုံးချုပ်တည်ရှိရာ တက္ကဆက်သို့ ဦးတည်ထွက်ခွာခဲ့ကြောင်း ပျံသန်းမှုခြေရာခံပလက်ဖောင်း Variflight အရ သိကြရပါတယ်။

Source FMT
 

 

Read 596 times