Teslaက  BYD ဘက်ထရီ စတင်သုံးစွဲ၊  အားသွင်းချိန် ပိုမိုမြန်ဆန်


Teslaက  BYD ဘက်ထရီ စတင်သုံးစွဲ၊  အားသွင်းချိန် ပိုမိုမြန်ဆန်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Tesla သည် ဂျာမနီနိုင်ငံ  Berlin Gigafactory တွင် ထုတ်လုပ်သော Model Y  crossover မှာ  BYD ဘလိတ် ဘက်ထရီများကို စတင်အသုံးပြုခဲ့ပြီး အားသွင်းအမြန်နှုန်း သိသိသာသာ တိုးသွားကြောင်း တွေ့ရသည်။
.
မကြာသေးမီအချိန်အထိ ဥရောပအတွက် ထုတ်လုပ်သော Model Y များအတွက် ဘက်ထရီများကို အခြား တရုတ်ဘက်ထရီထုတ်လုပ်သူ CATL (Contemporary Amperex Technology Co., Limited )ကသာ တစ်ဦးတည်း ပေးသွင်းခဲ့သည်။
မေလအစောပိုင်းတွင် Tesla သည် BYD ကိုဒုတိယပေးသွင်းသူအဖြစ်စတင်အသုံးပြုခဲ့သည်ဟု သတင်းထွက်ပေါ်သည်။
ဂျာမနီမှ  Tesla စီးသူများ၏ ဖိုရမ်တစ်ခု ဖြစ်သော Tesla Fahrer und Freunde တွင် တင်ပြထားသည့် အချက်အလက်များအရ BYD ဘလိတ် ဘက်ထရီ သုံးစွဲထားသော Model Y သည်အမြင့်ဆုံး အားသွင်း အမြန်နှုန်းမှာ ထိန်းထားသည်မှာ CATL ဘက်ထရီ သုံးစွဲထားသော Model Y ထက်သာသည်။

 


 

BYD ဘလိတ်ဘက်ထရီနှင့် CATL ၏ Kirin ဘက်ထရီနှစ်ခုစလုံးသည် လစ်သီယမ်သံဖော့စဖိတ် lithium iron phosphate (LFP) ဘက်ထရီများ ဖြစ်ကြပါသည်။

 

BYD ၏လုပ်ငန်းခွဲ FinDreams သည် Blade ဘက်ထရီဟုခေါ်သော ၎င်း၏ကိုယ်ပိုင်ဘက်ထရီများကို တီထွင်ထုတ်လုပ်ခဲ့သည်။  CTP (Cell-to-pack နည်းပညာ) ဖြင့်  ထုပ်ပိုးထားသည့်  LFP ဘက်ထရီ ဖြစ်သည်။

.
BYD ဘက်ထရီသည် အားသွင်းချိန်တစ်ခုလုံးအတွက် ပိုမိုမြင့်မားသောအမြန်နှုန်းဖြင့် အားသွင်းနိုင်သည်ကို တွေ့ရသည်။
172 kW charging speed အထွတ်အထိပ်ကို ဘက်ထရီ ၅၀% အားပြည့်သည်အထိ ထိန်းထားနိုင်ပြီး ထို့နောက်တွင်မှ လျော့ကျသွားသည်။
62 kWh CATL ဘက်ထရီ သုံးထားသည့် Model Y သည် 172 kW charging speed ကို မထိန်းထားနိုင်ချေ။ ချက်ချင်းဆိုသလို လျော့ကျသွားသည်။ ၉၀% အားပြည့်ချိန်တွင် 50 kW မျှသာ ရှိတော့သည်။
.
BYD ဘလိတ် ဘက်ထရီကို ၂၀၂၀ ပြည့်နှစ်တွင် ကြေညာခဲ့ပြီး BYD ကားမော်ဒယ်များ ဖြစ်သည့် Tang SUV, Han  Atto 3 အစရှိသည်တို့တွင် သုံးစွဲသည်။
ပိုမိုမြင့်မားသော အားသွင်း အမြန်နှုန်းများကြောင့်  ဘက်ထရီ၏ သက်တမ်းတာရှည်ခံခြင်းကို မထိခိုက်ကြောင်း BYD မှပြောကြားခဲ့သည်။
Source the driven

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 395 times