Tesla ရှန်ဟိုင်း ကားစက်ရုံမှ အလုပ်သမားများ ထူးထူးကဲကဲ ဆုကြေးရရှိ


Tesla ရှန်ဟိုင်း ကားစက်ရုံမှ အလုပ်သမားများ ထူးထူးကဲကဲ ဆုကြေးရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tesla ၏ အကြီးဆုံး ကားစက်ရုံဖြစ်ပြီး ပြည်ပတင်ပို့မှုအတွက် ကားထုတ်လုပ်ရေး အချက်အချာဖြစ်သော ရှန်ဟိုင်းစက်ရုံမှ အလုပ်သမားများသည် နောက်ဆုံးသုံးလပတ်အတွက် စွမ်းဆောင်ရည်ဆုကြေးကို ထူးထူးကဲကဲ ပမာဏဖြင့် ရရှိကြသည်။
အဘယ်ကြောင့် ဆုကြေးကို ထူးထူးကဲကဲ ပိုပေးရကြောင်းကို ကုမ္ပဏီမှ တစုံတရာ ပြောကြားခြင်း မရှိချေ။

ယခင် သုံးလပတ်တွင် အလုပ်သမား အများအပြားတို့ ဆုကြေးများ ဖြတ်တောက်လျှော့ချခံရသည်။
ဆုကြေးများ ဖြတ်တောက်လျှော့ချသည်ကို  အလုပ်သမား အများအပြားတို့က မကျေနပ်ကြသဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် မကျေနပ်ချက်များ တင်ပြခဲ့ကြသည်။
အချို့က ထူထောင်သူ Elon Musk ထံ တိုက်ရိုက် တိုင်ကြားခဲ့ကြရာ Elon Musk က စိစစ်ပေးမည်ဟု ပြောကြားခဲ့သည်။

ယခုပေးသည့် ဆုကြေးများတွင် အချို့အလုပ်သမားများသည် ဆုကြေး လခ ၁ လခွဲစာ ရရှိကြသည်။ 
ပုံမှန်သတ်မှတ်ထားသည့် ဆုကြေးမှာ လခ ၁.၂ ဆ ဖြစ်သည်။ 
ပထမ ၃ လပတ်တွင် ဆုကြေးများ လျှော့ချဖြတ်တောက်ခဲ့ရာ၌ လခ ၀.၇၈၅ ဆ မျှသာ ပေးခဲ့သည်။

ရှန်ဟိုင်းမှ Giga Shanghai ကားစက်ရုံသည် Model 3 နှင့် Model Y မော်ဒယ်များ ထုတ်လုပ်ပြီး လုပ်သား ၂ သောင်းဝန်းကျင် ရှိသည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 366 times