TESLA နှင့် BMW လျှပ်စစ်ကားများအတွက် 4680 ဘက်ထရီများ SAMSUNG ထုတ်လုပ်မည်
လက်ရှိအခြေအနေတွင် လျှပ်စစ်ကားထုတ်လုပ်သူအားလုံးတို့ ဘက်ထရီ အပါအဝင် ထောက်ပံ့ရေးကွင်းဆက်ပြဿနာများနှင့် ရင်ဆိုင်နေကြရပါတယ်။
လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီ ထုတ်လုပ်ရေးလုပ်ငန်းများ လက်ရှိမျိုးဆက်ဘက်ထရီများကို အလျဉ်မီအောင် ထုတ်လုပ်ဖို့အတွက် ကိုဗသ်အပါအဝင် အခက်အခဲများ ရင်ဆိုင်နေကြရပြီး မျိုးဆက်သစ် ဘက်ထရီများ ဖွံ့ဖြိုးထုတ်လုပ်ဖို့ ခဲယဉ်းနေကြချိန်မှာ Samsung က မျိုးဆက်သစ် ဘက်ထရီဖြင့် ဈေးကွက်ထဲကို ဝင်လာပါတယ်။
The Elec မီဒီယာမှာ ဖော်ပြတဲ့သတင်းအရ Samsung SDI က နောက်မျိုးဆက်သစ် ဘက်ထရီဖြင့် ရှေ့သို့ထွက်လာပြီး Tesla အတွက် ဘက်ထရီမျိုးဆက်သစ် ထုတ်လုပ်ဖို့ ကန်ထရိုက် ရရှိခဲ့ပါတယ်။ စီတန်းတပ်ဆင်ထုတ်လုပ်မှုကို တောင်ကိုရီးယားနိုင်ငံ Cheonan ရှိ စက်ရုံမှာ စတင်နေပြီ ဖြစ်ပါတယ်။
အစစအရာရာ အဆင်ပြေရင် နောက်နှစ်မှာ Samsung က မလေးရှားနိုင်ငံမှာ မျိုးဆက်သစ် ဘက်ထရီ အမြောက်အမြား ထုတ်လုပ်ဖို့ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။
နောက်မျိုးဆက်သစ် ဘက်ထရီက 4680 standard ဘက်ထရီ ဖြစ်ပါတယ်။
4680 က အချင်း ၄၆ မီလီမီတာ၊ အမြင့် ၈၀ မီလီမီတာကို ဆိုလိုပါတယ်။
ဘက်ထရီက ဆလင်ဒါပုံ ဖြစ်ပါတယ်။ (ကြည့်ရှုလေ့လာနိုင်ရန် အောက်တွင် ပုံများ ဖော်ပြပေးထားပါတယ်)
လောလောဆယ် ဗားရှင်း ၂ မျိုး ရှိနေပါတယ်။
ကားမော်ဒယ်အပေါ်မူတည်ပြီး အမြင့် ကွဲပြားပါတယ်။
Tesla အတွက် တစ်မျိုး၊ BMW လျှပ်စစ်ကားမော်ဒယ်အတွက် တစ်မျိုး စုစုပေါင်း ဗာရှင်း ၂ မျိုးကို Samsung က ထုတ်လုပ်ထားပါတယ်။
#MyanmarAutomobileGuide
Telegram Channel
https://t.me/Guid4U
https://t.me/Guid4U/SAMSUNGbatteryTeslaBMW