Tesla ရှန်ဟိုင်းကားစက်ရုံ လိုအပ်ချက်အတွက် လျှပ်စစ်ဓာတ်အား ဦးစားပေးရန် တရုတ်အာဏာပိုင်တို့ ဆောင်ရွက်ပေ


Tesla ရှန်ဟိုင်းကားစက်ရုံ လိုအပ်ချက်အတွက် လျှပ်စစ်ဓာတ်အား ဦးစားပေးရန် တရုတ်အာဏာပိုင်တို့ ဆောင်ရွက်ပေး

 

Tesla ၏ Gigafactory Shanghai က လက်ရှိတွင် တရုတ်ပြည်တွင်းကုမ္ပဏီများထံမှ ယာဉ်ပစ္စည်းများ အများအပြား ရယူသုံးစွဲပါတယ်။ ယခုအခါ စီချွမ်ပြည်နယ်မှာ ပြင်းထန်တဲ့ အပူလှိုင်း ကျရောက်နေတဲ့အတွက်ကြောင့် ဓာတ်အားဖြတ်တောက်မှုများ ဆောင်ရွက်နေပါတယ်။  စီချွမ်ပြည်နယ်မှာ တည်ရှိတဲ့ Tesla ထံ ပစ္စည်းပေးသူများရဲ့ စက်ရုံများ ဓာတ်အားဖြတ်ခံရမယ့်အရေး ပေါ်ပေါက်နေပါတယ်။ 

 

Tesla ကို ရှန်ဟိုင်းအာဏာပိုင်တို့က ထောက်ပံ့ကူညီပေးပါတယ်။ Tesla ရဲ့ ပစ္စည်းထုတ်လုပ်နေတဲ့ စက်ရုံတွေ အကုန်လုံး လျှပ်စစ်ဓာတ်အား ရရှိစေဖို့ ဆောင်ရွက်ပေးထားမှာ ဖြစ်ကြောင်း အာမခံချက် ပေးထားပါတယ်။ စီချွမ်မှာ မော်တော်ယာဉ် ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်း အတော်များများ ရှိနေပါတယ်။  Shanghai Municipal Commission of Economy and Informatization က စီချွမ်ပြည်နယ် အာဏာပိုင်တို့ထံ စာပေးပို့ပြီး  စီချွမ်ပြည်နယ်မှာ တည်ရှိတဲ့ Tesla ရဲ့ ပစ္စည်းများ ထုတ်လုပ်နေတဲ့ စက်ရုံ စုစုပေါင်း ၁၆ ခုကို လျှပ်စစ်ဓာတ်အား မဖြတ်တောက်ဖို့ တောင်းဆိုပေးပါတယ်။

စီချွမ်ပြည်နယ်မှာ တည်ရှိတဲ့ အဆိုပါ စက်ရုံ ၁၆ ရုံတို့က Tesla အပြင် ပြည်တွင်း မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း SAIC Motor အတွက်လည်း ပစ္စည်းများ ထုတ်လုပ်ပေးပါတယ်။ "Tesla နှင့် SAIC Motor တို့သည် Sichuan တွင် လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများကြောင့် ၎င်းတို့၏ အဓိက မော်တော်ယာဥ် အစိတ်အပိုင်းများ တင်သွင်းသူများအတွက် မကြာသေးမီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့ကြပါသည်။

 

ယင်းသည် ၎င်းတို့၏ မော်တော်ယာဥ်များ တပ်ဆင်ထုတ်လုပ်မှုကို ထိခိုက်စေမည်ဖြစ်သည်။ ကျေးဇူးပြု၍ အထက်ဖော်ပြပါ စာရင်းတွင် ပါရှိသည့် ပစ္စည်းပေးသွင်းသူများအတွက် နေ့ဘက် အလုပ်ချိန်အတွင်း ဓာတ်အားဖြတ်တောက်ချိန်ကို လျှော့ချပေးပါရန်" လို့ စာမှာ တောင်းဆိုပေးထားကြောင်း Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။  နှစ်ပေါင်း ၆၀ အတွက် အပြင်းထန်ဆုံး အပူလှိုင်းကိ စီချွမ်ပြည်နယ် ကြုံတွေ့နေပါတယ်။ ဓာတ်အားလိုင်းများမှာ အပူချိန် မြင့်တက်ပြီး ဝါယာလိုင်းများ အပူကြောင့် ရှည်ဆန့်ကုန်ပါတယ်။

 

အပူချိန်က 40 C (104 F) ကျော်တဲ့အထိ မြင့်တက်တာကြောင့် ဓာတ်အားပို့လွှတ်မှုများ လျှော့ချပေးထားရပါတယ်။ Toyota Motor Corp. နှင့် ကမ္ဘာ့ထိပ်တန်း ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်း Contemporary Amperex Technology Co. Ltd., (CATL ) တို့ရဲ့ စီချွမ်မှာ တည်ရှိတဲ့ စက်ရုံတွေကို ယာယီ ပိတ်ထားရပါတယ်။ ပိတ်ရက်ကာလက  ဩဂုတ်လ ၂၀ ရက်အထိ ကြာမြင့်မည်လို့ ဆိုပါတယ်။ 

 

Panasonic Holdings Corp. ရဲ့ ကုန်ပစ္စည်းစက်ရုံလည်း ပိတ်ထားရပါတယ်။ ကားအစိတ်အပိုင်းများ ထုတ်လုပ်တဲ့  Denso Corp ရဲ့ စက်ရုံလည်း ပိတ်ထားရပါတယ်။  Tesla နဲ့  SAIC တို့အတွက် ပစ္စည်းထုတ်လုပ်ပေးသွင်းတဲ့ လုပ်ငန်းတွေကို ဓာတ်အားပေးတဲ့အပေါ်  ဝေဖန်မှုများလည်း ပေါ်ပေါက်နေပါတယ်။

Telegram Channel https://t.me/Guid4U

Source: Bloomberg

#MyanmarAutomobileGuide

Read 2982 times