Tesla အစီးရေ ၅ သန်းမြောက်ကား ရှန်ဟိုင်းစက်ရုံတွင် ထုတ်လုပ်


Tesla အစီးရေ ၅ သန်းမြောက်ကား ရှန်ဟိုင်းစက်ရုံတွင် ထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

လွန်ခဲ့သည့် နှစ် ၂၀ တွင် စတင်တည်ထောင်ခဲ့သော လျှပ်စစ်ကားများသာ ထုတ်လုပ်သည့် Tesla သည် ကုမ္ပဏီ သမိုင်းတွင် အဓိက မှတ်တိုင်တစ်ခုအဖြစ် အစီးရေ  ၅ သန်းမြောက် ကားကို ရှန်ဟိုင်း ကားစက်ရုံတွင် ထုတ်လုပ်ခဲ့သည်။


အဆိုပါ အစီးရေ  ၅ သန်းမြောက်ကားသည်  အဖြူရောင်  Model 3 ဆီဒင်ကားဖြစ်ပြီး Tesla Giga Shanghai တွင် ထုတ်လုပ်ခဲ့ကြောင်း ကုမ္ပဏီက စက်တင်ဘာ ၁၇ ရက်တွင် တရုတ်လူမှုကွန်ရက် ပလက်ဖောင်း Weibo တွင် ပြောကြားခဲ့သည်။

Tesla သမိုင်းကြောင်းတစ်လျှောက် ပြန်ကြည့်လျှင် ထုတ်လုပ်မှု ပထမဆုံး အစီးရေ ၁ သန်း ပြည့်ရန် ၁၂ နှစ် ကြာမြင့်ခဲ့သည်။
နောက်ထပ် စီးရေ ၁ သန်း ထုတ်လုပ်ရန် ၁၈ လ ကြာခဲ့သည်။
ထုတ်လုပ်စီးရေ ၂ သန်းမှ ၃ သန်း ပြည့်ဖို့ ၁၁ လ ကြာခဲ့သည်။
စီးရေ ၃ သန်းမှ ၄ သန်း ပြည့်အောင် စီးရေတစ်သန်း ထုတ်လုပ်ရန် ၇ လ ကြာခဲ့သည်။
ယခု စီးရေ ၄ သန်းမှ ၅ သန်းပြည့်ရန် ၆ လ ကြာသည်။

Tesla ၏ ရှန်ဟိုင်းကားစက်ရုံသည် ဇန်နဝါရီ ၇ ရက်၊ ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၉ နှစ်ကုန်တွင် လုပ်ငန်း စတင်လည်ပတ်ခဲ့သည်။

Giga Shanghai သည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် Model 3 sedans ကို ပြည်တွင်း ဝယ်ယူသူများကို စတင်ရောင်းချခဲ့ပြီး နောက်တစ်နှစ်အကြာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် Model Y crossovers များကို စတင်ရောင်းချခဲ့သည်။
 နှင့် Model Y crossovers များကို 2021 တွင် ပြည်တွင်းစားသုံးသူများထံ စတင်ရောင်းချခဲ့သည်။

Giga Shanghai သည် Tesla ၏ အကြီးမားဆုံး ကားစက်ရုံ ဖြစ်ပြီး စက်ရုံတွင် စီးရေ တစ်သန်းကို ၂၀၂၂ ဩဂုတ်လ ၁၃ ရက်တွင် ထုတ်လုပ်ခဲ့သည်။ စီးရေ ၂ သန်းမြောက်ကို ယခုနှစ် စက်တင်ဘာလ ၆ ရက်တွင် ထုတ်လုပ်ခဲ့ပါသည်။


Source cnevpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 245 times