Tesla ထုတ်လုပ်သည့် လျှပ်စစ်ကားစီးရေ ၃ သန်း နီးပါး ရောက်ရှိ


Tesla ထုတ်လုပ်သည့် လျှပ်စစ်ကားစီးရေ ၃ သန်း နီးပါး ရောက်ရှိ

အမေရိကန် လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်း  Tesla ကမ္ဘာ့ လျှပ်စစ်မော်တော်ယာဉ် ကဏ္ဍမှာ ဦးဆောင်နေခဲ့ရာ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ ၁၀ နှစ်တာ ကုမ္ပဏီ ကားထုတ်လုပ်တဲ့သက်တမ်းအတွင်း ထုတ်လုပ်ခဲ့တဲ့ လျှပ်စစ်ကားစီးရေ ၃ သန်း နီးပါး ရောက်ရှိနေပြီ ဖြစ်ပါတယ်။   တတိယ ၃ လပတ်အစတွင် စီးရေ ၃ သန်း မိုင်တိုင်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ 

 Tesla က ပထမဆုံး လျှပ်စစ်ကားကို ၂၀၂၁ မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ 

အစီရင်ခံစာအရ ယခုအခါ  Tesla  က စီးရေ ၂.၈၉၉,၈၇၇ ထုတ်လုပ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ 

လတ်တလော ထုတ်လုပ်နေတဲ့ နှုန်းထားအရ ဇူလိုင်လကုန် သို့မဟုတ် ဩဂုတ်လဆန်းပိုင်းမှာ စုစုပေါင်း စီးရေ ၃ သန်းကို ဖြတ်ကျော်လိမ့်မယ်လို့ Bloomberg မီဒီယာက မျှော်လင့်ထားပါတယ်။ 

ဇူလိုင်လဆန်းမှာ ၂၀၂၂ ဒုတိယ ၃ လပတ် အစီရင်ခံစာကို Tesla က ထုတ်ပြန်ခဲ့ရာမှာ စီးရေ ၂၅၈,၅၈၀ ထုတ်လုပ်ခဲ့ပြီး စီးရေ ၂၅၄,၆၉၅ ကို ဝယ်ယူသူများထံ ပေးပို့ခဲ့ပါတယ်။ ပထမ ၃ လပတ်ထက် စီးရေ လျော့ကျခဲ့ပေမဲ့ ဇွန်လမှာ စံချိန်သစ်တင် စီးရေအများဆုံး ထုတ်လုပ်နိုင်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ပထမနှစ်ဝက်အတွင်း စီးရေ ၅၆၄,၀၀၀ ကို ဝယ်ယူသူများထံ ပေးပို့ခဲ့ပါတယ်။ 

ယခုနှစ် ၂၀၂၂ မှာ Tesla က စီးရေ ၁ သန်းကျော် ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ ယမန်နှစ်ထက် ၂ ဆ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

ယခုနှစ်အတွင်း Tesla  ရဲ့ ကားစက်ရုံများမှာ စီးရေ အများဆုံး ထုတ်လုပ်ခဲ့တာ Tesla Gigafactory 3 ( Tesla  ရဲ့  တတိယမြောက် ကားစက်ရုံ) ဖြစ်တဲ့ Tesla Giga Shanghai က စီးရေ အများဆုံး ထုတ်လုပ်ပေးခဲ့ပါတယ်။ စီးရေ ၇၀,၀၀၀ ကျော် ထုတ်လုပ်ခဲ့ပါတယ်။ 

#MyanmarAutomobileGuide

Telegram Channel
https://t.me/Guid4U
Source: gizchina

Read 17180 times