Tesla ဒေါ်လာ ၂ သောင်းခွဲတန် အီးဗီ ရှန်ဟိုင်းမှာ ထုတ်လုပ်မည်ဟု သတင်းထွက်ပေါ်


Tesla ဒေါ်လာ ၂ သောင်းခွဲတန် အီးဗီ ရှန်ဟိုင်းမှာ ထုတ်လုပ်မည်ဟု သတင်းထွက်ပေါ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tesla သည် Giga Shanghai စက်ရုံ၏ တတိယအဆင့် တိုးချဲ့ ဆောက်လုပ်မည့် အစီအစဉ်ကို ပြန်လည် စတင်တော့မည်ဖြစ်ပြီး ၎င်းအဆောက်အဦအသစ်တွင် ကန်ဒေါ်လာ ၂၅,၀၀၀ တန် အီးဗီများ ထုတ်လုပ်ရန် ရည်ရွယ်ထားသည်ဟု သတင်းထွက်ပေါ်ပါသည်။

တနှစ်လျှင် ပမာဏ စုစုပေါင်း 40 GHw  ရှိမည့် ဘက်ထရီများ ထုတ်လုပ်ရန် စက်ရုံအသစ် ဆောက်လုပ်မည် ဖြစ်ပြီး ထုတ်လုပ်မှုကို ၂၀၂၄ ဒုတိယသုံးလပတ်တွင် စတင်မည်ဟု ဧပြီလတွင် တက်စလာက  ကြေညာခဲ့သည်။
ထိုစဉ်က Giga Shanghai စက်ရုံ တတိယအဆင့် တိုးချဲ့ဆောက်လုပ်မည့်အကြောင်း ပြောကြားခဲ့ခြင်း မရှိပေ။ 

တက်စလာသည် အဆင့် (၃) အတွက် ၂၀၂၁ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့သည်။ ဦးဆောင်အဖွဲ့ တဖွဲ့ ဖွဲ့စည်းခဲ့သည်။ တရုတ် အာဏာပိုင်တို့ထံမှ တိုးချဲ့ရန် ခွင့်ပြုမိန့် မကျခြင်း အပါအဝင် အကြောင်းကြောင်းကြောင့်  ၂၀၂၂ နွေရာသီတွင် အဖွဲ့၏ လုပ်ကိုင်မှုများကို ဆိုင်းငံ့ထားလိုက်သည်။ အဖွဲ့ဝင်များကို အခြားဌာနများသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု တရုတ်မီဒီယာ Late Auto Post မှ သတင်းဖော်ပြပါသည်။ 
Giga Shanghai တတိယအဆင့် တိုးချဲ့စက်ရုံသည် ယွမ် ၁ သိန်းခွဲ (25,000 USD)တန် မော်ဒယ်အသစ် ထုတ်လုပ်ရန်အတွက်သာဖြစ်သည်ဟု ဆိုသည်။

တက်စလာသည် တနှစ်လျှင် ကား အစီးရေ သန်း ၂၀ ရောင်းချဖို့ ရည်မှန်းထားသည်။ ၎င်းရည်မှန်းချက်ပြည့်မီရန် တန်းဖိုးသင့် အီးဗီများ ထုတ်လုပ်ခြင်းဖြင့် အစီးရေ အမြောက်အမြား ရောင်းချနိုင်မည် ဖြစ်သည်။ 

Tesla ၏ရှန်ဟိုင်းစက်ရုံသည် Model 3 နှင့် Model Y တို့ကိုသာ ထုတ်လုပ်သည်။ တနှစ် အစီးရေ ၁.၁ သန်းအထိ ထုတ်လုပ်ပေးနိုင်သည်။ 
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၈၅၂,၆၀၃ စီး ထုတ်လုပ်ခဲ့သည်။ 
ထုတ်လုပ်မှု စွမ်းရည် အမြင့်မားဆုံး စက်ရုံဖြစ်သည်။ အမေရိကန်မှ တက္ကဆက် စက်ရုံတွင် ကားတစီး ပြီးစီးရန် ၇၆ စက္ကန့် ကြာသည်။ ရှန်ဟိုင်း စက်ရုံတွင် ၃၇ စက္ကန့်သာ ကြာသည်။ 

Source lateauto
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1883 times