Tesla တရုတ်ကားစက်ရုံတွင် စီးရေ ၂ သန်းမြောက် ကားထုတ်လုပ်


Tesla တရုတ်ကားစက်ရုံတွင် စီးရေ ၂ သန်းမြောက် ကားထုတ်လုပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Tesla China သည် တရုတ်ပြည် ရှန်ဟိုင်းမြို့ရှိ ကားစက်ရုံ Gigafactory Shanghai မှ  စီးရေ ၂ သန်းမြောက် ကားထုတ်လုပ်ကြောင်း ကြေညာသည်။
 စီးရေ ၂ သန်းမြောက် မှတ်တိုင်ထူသည့် အောင်မြင်မှုကို လူမှုကွန်ရက် ပလက်ဖောင်း X တွင် အမှတ်တရ ရိုက်ထားသည့် မှတ်တမ်းဓာတ်ပုံနှင့်တကွ တင်ပြထားသည်။

 

စီးရေ ၂ သန်းမြောက် ကားမှာ Tesla Model Y ဖြစ်ပြီး အရောင်မှာ Tesla ၏ အစဉ်အလာအရ မှတ်တိုင်ထူသည့် ကားအရောင်ဖြစ်သည့် အနီရောင် ဖြစ်ပါသည်။
Tesla သည် Giga Shanghai ကားစက်ရုံ စတင်လည်ပတ်ပြီး ၃ နှစ်မပြည့်ခင် ၂၀၂၂ ဩဂုတ်လတွင် စီးရေ ၁ သန်းမြောက်ကားကို ထုတ်လုပ်ခဲ့သည်။
Giga Shanghai ကားစက်ရုံသည် စီးရေ ၁ သန်းမြောက် မှတ်တိုင်စိုက်ထူရန် ၃၃ လ ကြာမြင့်ခဲ့ပြီး နောက်ထပ် တစ်သန်းပြည့်ပြီး စီးရေ ၂ သန်းမြောက် မှတ်တိုင်စိုက်ထူရန် ၁၃ လမျှသာ ကြာမြင့်ခဲ့သည်။ 
နောက်ထပ် စီးရေ ၁ သန်း ထုတ်လုပ်ပြီး စီးရေ ၃ သန်းမြောက် ထုတ်လုပ်ရန် ကြာမြင့်ချိန် ပိုတိုတောင်းလိမ့်မည်ဟု မျှော်လင့်ရသည်။


အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ
Giga Shanghai ကားစက်ရုံ ထူးခြားချက်များ
 https://www.automobiledirectory.com.mm/article/model-y-giga-shanghai.html



 

 

Gigafactory Shanghai ၏ နောက်ထပ်မှတ်တိုင်တစ်ခုမှာ ၂၀၂၃ ဇူလိုင်လတွင် စီးရေ တစ်သန်းမြောက်  Model Y crossover ကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 837 times