စင်ကာပူ ပထမဆုံးနှင့် ဒုတိယမြောက် ကားအရောင်းစက်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
စင်ကာပူ ပြည်တွင်းကားရောင်းဝယ်ရေးကုမ္ပဏီ Autobahn Motors သည် စင်ကာပူနိုင်ငံ၏ ပထမဆုံး ကားအရောင်းစက်ကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည်။
Jalan Kilang တွင် ၁၅ ထပ် အဆောက်အအုံသည် ကားအစီး ၆၀ ပြသထားသော ကားအရောင်းပြခန်းဖြစ်ပြီး ကားအရောင်းစက်ဖြင့် ကားများကို ရောင်းချပေးသည်။
အထပ်တိုင်းတွင် ကား ၄စီးစီ ပြသထားသည်။ အပြင်မှ မြင်သာအောင် မှန်အကြည်နံရံဖြင့် ကာရံပေးထားသည်။
ခပ်လှမ်းလှမ်းမှ လှမ်းကြည့်လျှင် လမ်းဘေးဈေးရောင်းစက် အကြီးစားတစ်ခု ထောင်ထားသည့်နှင့် ဆင်ဆင်တူနေပြီး ဈေးရောင်းစက်၏ အဆင့်များတွင် ကားများကို လှမ်းတွေ့ရသည်။
မြေညီထပ်တွင် တို့ထိ ခိုင်းစေနိုင်သည့် စခရင် touch screen ထားရှိပေးထားသည်။ ကားဝယ်ယူသူက ဝယ်ယူလိုသည့် ကားကို စခရင်ပေါ်တွင် ရွေးချယ်ပေးလိုက်သောအခါ အလိုအလျောက်စနစ်က ရွေးချယ်လိုက်သည့်ကားကို တစ်မိနစ်၊ နှစ်မိနစ်အတွင်း မြေညီထပ်သို့ ချပေးသည်။
Autobahn Motors ၏ အထွေထွေမန်နေဂျာ မစ္စတာ ဂယ်ရီဟောင်က ခြောက်နှစ်အရွယ်သားဖြစ်သူနှင့်အတူ ၂၀၁၅ ခုနှစ်တွင် အရုပ်ဆိုင် Toys “R” Us သို့ သွားရောက်လည်ပတ်ရာမှ ထွက်ပေါ်လာသည့် စိတ်ကူးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကားအစစ်နှင့်မခြား စကေးကိုက် အသေးစားကစားစရာကားများ ထုတ်လုပ်သည့် Matchbox သည် အရုပ်ကားများကို အထပ်အဆင့်ဆင့်ဖြင့် ပြသထားသည်ကို သူ တွေ့ရသည်။
"ဒီနည်းအတိုင်း ကျွန်တော်တို့ရဲ့ အရောင်းပြခန်းကို ဆောက်နိုင်မယ်ဆိုတာ ကျွန်တော် သတိမူမိပါတယ်။ ထောင်လိုက် အထပ် အဆင့်ဆင့်ဖြင့် ပြသထားလို့ ရတယ်" ဟု မစ္စတာ ဂယ်ရီဟောင်က ပြောကြားသည်။
အရောင်းစက် ကားအရောင်းပြခန်းကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် Singapore Good Design Awards (SG Mark) ရွှေဆု ချီးမြှင့်ခံရသည်။
၂၀၂၂ ခုနှစ်တွင် Autobahn Motors သည် Ten Square ဟု အမည်ပေးထားသော ဒုတိယမြောက် ကားအရောင်းစက်ကို တည်ဆောက်ခဲ့သည်။
Short Street တွင် ကားအစီး ၄၀ ပြသထားသော ပုံစံတူ အထပ် ၂၀ အဆောက်အဦတစ်ခု ဆောက်လုပ်ခဲ့သည်။
သက်တမ်း ၃၄ နှစ် ရှိပြီဖြစ်သော မိသားစုလုပ်ငန်းတစ်ခုဖြစ်သည့် Autobahn Motors သည် အရောင်းပြခန်းနှစ်ခုလုံးတွင် ခေါက်အမိုးကား၊ အိမ်စီးပြိုင်ကားနှင့် ဂန္ထဝင်ကားများကို ရောင်းချသည်။
ကားထုတ်လုပ်ရေး လုပ်ငန်း ၁၅ ခုမှ ကားများကို ရောင်းချလျက်ရှိသည်။ Porsche နှင့် Lamborghini ကဲ့သို့သော စည်းစိမ်ကားများလည်း ပါသည်။
ဈေးရောင်းစက် အရောင်းပြခန်း နှစ်ခုသည် တစ်လလျှင် စုစုပေါင်း ကား ၇ စီးမှ ၁၂ စီးအထိ ရောင်းချရသည်။
အာမခံထားရန် ကိစ္စအပါအဝင် ကိစ္စဝိစ္စ အားလုံးကို မိနစ်ပိုင်းအတွင်း ချက်ချင်းပြီးစီးအောင် ဝန်ဆောင်မှု ပေးအပ်သည်။
"ကားတစီး ဝယ်တာကို လမ်ဘေး ဈေးရောင်းစက်မှာ အအေးဘူး ဝယ်သလိုမျိုး ဖြစ်နေအောင် လုပ်ပေးထားပါတယ်" ဟု မစ္စတာ ဂယ်ရီဟောင်က ပြောကြားသည်။
Source straitstimes
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL