ကားအတွင်းအပူချိန်မတက်အောင် ဘာတွေလုပ်မလဲ


ထို့အပြင် ရန်ကုန်လမ်းမကြီးများတွင် ကားများ ထူထပ်များပြားလာသည့် အတွက် ကားရပ်ရမည့် ကားပါကင်ရှားပါးလှပါသည်။ထိုအချိန်တွင် နေပူထဲတွင်ကားရပ်ထားသည့်အခါ ကားအတွင်းပိုင်းအထိပါ အပူချိန်များဝင်ရောက်တက်သောကြောင့် ထိုဒုက္ခများမှ ကင်းဝေးစေရန် နည်းလမ်းများကို မျှဝေပေးလိုက်ပါသည်။

ကားရပ်စရာနေရာရှားနေသည့်အချိန်တွင် အဆင်ပြေရာ၊ ကြုံရာနေရာ နေပူထဲများတွင် ကားရပ်ရသည့်အခါ ကားထဲချက်ချင်းမဝင်နိုင်လောက်အောင် ပူလောင်နေခြင်းကြုံခဲ့လျှင် လုပ်နိုင်သည်များကို ဖော်ပြပေးလိုက်ပါသည်။

အရိပ်ရမည့် နေရာရှာခြင်း

ကားရပ်စရာနေရာ မနည်းရှာနေရသည့် အနေအထားတွင် အရိပ်ရှိသည့် နေရာရဖို့ဆိုခြင်းမှာ အတော်လေးခက်သော်လည်း တတ်နိုင်သလောက် ရှာကြည့်ပြီးမှ ကားရပ်ပါ။

လွင်တီးခေါင်ပြင် နေပူကြီးထဲ ရပ်ထားရမည်ဆိုလျှင်လည်း ကားမှန်ကို နည်းနည်းလေး ဆိုသလောက်လေး ဖွင့်ထားခဲ့ရင် ပိုကောင်းပါသည်။

ကားသူခိုးရန် ကြောက်လျှင် မှန်ချထားသည်ကို ရုတ်တရက်မမြင်နိုင်သော ကားမှန်တံခါးပေါ်ဘက်တွင် ကာဗာလေး တပ်ထားရန် လိုပါသည်။

နေကာသုံးခြင်း

နေကာများက ကားထဲမပူအောင် မကာကွယ်နိုင်သော်လည်း ခရမ်းလွန်ရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့အောင် ကာကွယ်နိုင်ပါသည်။

ကားမှန်အပြင်တွင် မအုပ်ထားချင်လျှင်လည်း ကားမှန်အတွင်းပိုင်းကနေ ကာထားနိုင်သည်ကို တွေရှိပါသည်။

ကားမှန်စတစ်ကာကပ်ခြင်း

ကားမှန်စတစ်ကာများက ကားထဲကို အပူတိုက်ရိုက်မထိအောင် ကာကွယ်ပေးပါသည်။

သို့သော် တစ်ခုသတိထားရမည်မှာ စတစ်ကာအရောင် သတ်မှတ်ချက်အတိုင်း ကပ်ရန်လိုအပ်ပါသည်။

ကားအောက်ပိုင်းကို လေမှုတ်ထုတ်စေခြင်း

နေပူထဲတွင် ကားရပ်ထားပြီးလျှင် ကားမှန်ပေါက်များ အကုန်ဖွင့်ပြီးသည်နှင့် အများစုက ကားအတွင်းပိုင်း ပန်ကာကို အပေါ်ဘက်မှာထားပြီး ခန္ဓာကိုယ်အေးအောင် လုပ်လေ့ရှိကြသော်လည်း

အမှန်တကယ်ပြုလုပ်ရမည်မှာ ပန်ကာလေကို အမြင့်ဆုံးနှုန်းတင်ပြီး ကားအတွင်းပိုင်း အောက်ခြေဘက်ကို အရင် ဆုံးလွှတ်ပေးပြီး အပူများထွက်အောင် လုပ်ရမည် ဖြစ်ပါသည်။

အဲကွန်းစနစ်တကျသုံးခြင်း

ကားထဲမှာ အရမ်းပူနေချိန်က အဲကွန်းကို လူဆီကို တိုက်ရိုက်အေးစေမည့်အစား အရင်ဆုံး Fresh Air ခလုတ်မှာထားဖို့လိုပါသည်။

ခဏနေတော့မှ ကားတစ်စီးလုံး ဖြန့်ကြက်အေးမြအောင်လို့ Recirculation လုပ်စေခြင်းက ပိုပြီး သင့်လျော်ပါသည်။

၁၀ မိနစ်လောက်ဖွင့်ထားပြီး အပူချိန်လျော့သွားပြီဆိုလျှင် ကိုယ်ကြိုက်သလို အအေးလွှတ်ခြင်းမျိုး လုပ်နိုင်ပါသည်။

 

Read 1429 times