ကားတစ်စီးကိုရပ်ထားလို့ခြင်းဖြစ်စေ၊ မောင်းနေရင်ပဲဖြစ်စေ အသုံးပြုသည့် မိုင်နှုန်းပမာဏပေါ်မူတည်ပြီး ကားတစ်စီး၏ အစိတ်အပိုင်းများက သက်တမ်းလျော့ကျလာပါသည်။
ထိုသို့လျော့ကျလာသည့် အစိတ်အပိုင်းများကို သတိ ထားပြုပြင်နိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါသည်။
မှန်ဝိုက်ဘာ
မိုင်(၈၀)လောက်မောင်းနှင်ပြီသွားပါက ကားမှန်ဝိုက်ဘာတွေကိုလဲလှယ်ပေးဖို့လိုအပ်လာပြီဖြစ်ပါသည်။
မှန်ဝိုက်လာတွေက သရေဘလိတ်များနှင့် ပေါင်းစပ်ထုတ်လုပ် ထားခြင်း ဖြစ်သည့် အတွက် ရေနှင့်ထိတွေ့မှု များသည့် ၀ိုက်ဘာများက သက်တမ်းပိုတိုတာတွေ့ရပါသည်။
မိုးရေနဲ့ထိတွေ့မှုများပြီး အမြဲတမ်းရေနဲ့ထိတွေ့နေရတဲ့ မှန်ဝိုက်ဘာတွေဆိုရင်တော့ သက်တမ်းပိုပြီးတိုတာတွေ့ရ ပါသည်။
ဘရိတ်ပလိပ်ပြား
ကားဘရိတ် ပလိပ်ပြားများက ၁၃ မိုင်လောက် မနားတမ်းမောင်းနှင်ပြီးရင်တော့ ဘရိတ်ပလိပ်ပြားတွေ ရဲ့သက်တမ်းတိုသွားပါသည်။
မကြာခဏ ဘရိတ်ဖမ်းပြီးမောင်းနေတတ်သည့် ယာဉ်မောင်းကြောင့်ဖြစ်စေ လမ်းကြောင့်ဖြစ်စေ၊ ဘရိတ် ပလိပ်ပြားများ သက်တမ်းပိုတိုစေတာတွေ့ရပါသည်။
ရပ်လိုက်မောင်းလိုက် မကြာခဏပြုလုပ်နေရတယ်ဆိုရင်တော့ပုံမှန်မောင်းနှင်တာထက် သက်တမ်းပိုလျော့ကျစေပါသည်။
ဘက်ထရီ
၁၀ မိုင်လောက်မနားတမ်းမောင်းပြီးသွားပါက ကားဘက်ထရီသက်တမ်းတိုသွားပါသည်။
နွေရာသီလို ပူပြင်း သည့် ရာသီဥတုမျိုးတွင် မနားတမ်းမောင်းနှင်ခရီးသွားဖြစ်ပါက ဘက်ထရီသက်တမ်းအများဆုံးလျော့ကျသွားမည် ဖြစ်ပါသည်။
အင်ဂျင်ခန်းအပူချိန်မြင့်တက်မှုကလည်း အင်ဂျင်ခန်းထဲမှာရှိတဲ့ဘက်ထရီ၏ သက်တမ်းကိုတိုစေပါသည်။
အင်ဂျင် အပူချိန်မြင့်တက်မှုကိုထိန်းချုပ်ခြင်းဖြင့်ဘက်ထရီသက်တမ်းကို ပိုရှည်စေနိုင်ပါသည်။
တာယာနှင့်ဘီးခွေ
တာယာအတွက် သက်တမ်းနှင့် မိုင်က တာယာအလိုက်သတ်မှတ်ချက်များရှိနေပြီး ဘီးခွေစနစ်အတွက် ၄၅ မိုင်ခန့်မောင်းနှင်ပြီးရင် သက်တမ်းသိသိသာသာချော့ကျသွားပါသည်။
တာယာကိုအစားထိုးလဲလှယ်ရန် လိုအပ်သကဲ့သို့ ဘီးခွေလှည့်ပတ်စနစ်များကိုလည်း စစ်ဆေးလဲလှယ် ပေးဖို့လိုအပ်ပါသည်။