TDK က အဆင့်မြင့် မော်တော်ကား Sensors များအား ၂ ဆ တိုးချဲ့ထုတ်လုပ်မည်


ဂျပန်၏ ထိပ်တန်းလျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ TDK သည် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ၎င်း၏ မော်တော်ကားများတွင် ထည့်သွင်း အသုံးပြုသော တိကျမှု မြင့်မားသည့် Magnetic Sensors ထုတ်လုပ်ရေးအား ၂ ဆ တိုးချဲ့ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း Nikkei Asia သတင်းဌာန၏ ပြောကြားချက်အရ သိရသည်။ 

 

မော်တော်ကားများတွင် ထည့်သွင်းလာကြသည့် အလိုအလျောက် မောင်းနှင်နိုင်သည့်စနစ် ခေတ်မီလာခဲ့ပြီး ပိုမိုသုံးစွဲလာကြသောကြောင့် မော်တော်ကား Sensor များ ပိုမိုလိုအပ်လာသည်ဟု ဆိုသည်။  

 

TDK ကုမ္ပဏီသည် ၎င်း၏ Nagano ထုတ်လုပ်ရေးစက်ရုံတွင် ခန့်မှန်းချေ ယန် ၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၆၀ မီလီယံ) အထိ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကာ အမေရိကန်နှင့် တရုတ်ထုတ်လုပ်ရေးလုပ်ငန်းများထက် ရှေ့ရောက်နေစေရန် ဦးတည်ထားသည်။ TDK ၏ ပြန်လည် အားသွင်းနိုင်သော Lithium-ion ဘတ်ထရီများအပါအဝင် အဆိုပါ Sensor များသည် ၎င်း၏ အဓိက ဝင်ငွေရရှိရေး လုပ်ငန်းဖြစ်လာမည် ဖြစ်သည်။ 

 

Advertisement

Click Here >>> Hong Kong Enterprise

 

TDK သည် Tunnel Magnetoresistance Effect အား အသုံးပြုကာ ပိုမိုတိကျသည့် Sensor အသစ်တီထွင်ဖန်တီး ထုတ်လုပ်ထားပြီး အဆိုပါ Sensor သည် TMR Sensor ဖြစ်ကြောင်းသိရသည်။ 

ဤ Sensor အမျိုးအစားသည် ထောင့်များကိုတိုင်းတာပေးနိုင်ကာ လှုပ်ရှားမှုများကိုလည်း အာရုံခံပေးနိုင်သည့်အပြင် စတီယာရင်အား ကူညီထိန်းချုပ်ပေးနိုင်ပြီး Brake စနစ်နှင့် အခြား မော်တော်ယာဉ် အစိတ်အပိုင်းများကိုလည်း ကူညီထိန်းချုပ်ပေးနိုင်သည်။ 

 

TMR Sensor များသည် အပူချိန်ပြောင်းလဲခြင်းကို ပိုမိုခံနိုင်ရည်ရှိပြီး ပိုမိုမြင့်မားသော သံလိုက် အာရုံခံစနစ်ရှိကာ ကြာရှည်ခံသည့်အပြင် အလွန်တိကျမှုရှိကြောင်း သိရသည်။ 

 

၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် Nagano စက်ရုံ၌ ထုတ်လုပ်ရေးတိုးချဲ့မည်ဖြစ်ပြီး အဆိုပါစက်ရုံသည် လက်ရှိတွင် TMR Sensor များ ထုတ်လုပ်ပေးနေသည့် တစ်ခုတည်းသော စက်ရုံလည်းဖြစ်သည်။ လက်ရှိတည်ရှိနေသော အလုပ်ရုံနေရာအဆောက်အအုံအား ရှင်းလင်းကာ ထုတ်လုပ်ရေးအဆောက်အအုံ ၂ ခုမှ ၃ ခုအထိတိုးချဲ့မည် ဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် ကုမ္ပဏီသည် Nagano စက်ရုံမှ အလုပ်သမားများအား လက်ရှိ အယောက် ၄၀၀ ရှိနေရာမှ ၃၀% တိုးမြှင့်ခန့်ထားမည်ဖြစ်သည်။ 

 

 

Magnetic Sensor များအတွက် ကမ္ဘာ့ဈေးကွက်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ထုထည်အရ ၁၀% တိုးတက်လာမည်ဟု ခန့်မှန်းထားကြသည်။ အလိုအလျောက်မောင်းနှင်သည့် စနစ်များ တိုးပွားလာသည်နှင့်အမျှ လိုအပ်ချက်မြင့်မားလာသည့် TMR Sensor များသည်လည်း သမာရိုးကျထုတ်ကုန်များအား အစားထိုးရန် ဝင်ရောက်လာကြသည်။ 

 

TMR Sensor များကို လျှပ်စစ်မော်တော်ယာဉ်များ၏ ဘတ်ထရီထိန်းချုပ်ရေး စနစ်များအတွက်ပင် အသုံးပြုကြသည်ဟု သိရသည်။ လက်ရှိတွင် မော်တော်ယာဉ်တစ်စီး၌ Sensor ၂ ခုမှ ၃ ခု အထိသာ တပ်ဆင်ကြပြီး နောက်ပိုင်းတွင် မော်တော်ကားတစ်စီးအတွက် Sensor တစ်ဒါဇင်နီးပါး တပ်ဆင်ရနိုင်သည်ဟု ခန့်မှန်းထားကြသည်။ 

 

အလိုအလျောက်မောင်းနှင်သည့် စနစ်သည် ကမ္ဘာတစ်ဝှမ်းတွင် တဖြည်းဖြည်းများပြားလာခဲ့ပြီး ဂျပန်နိုင်ငံ၏ ပြန်လည် ပြုပြင်ထားသည့် မော်တော်ယာဉ်ဥပဒေသည်လည်း ဧပြီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်လာခဲ့ကာ Level 4 ရရှိထားသည့် မောင်းသူမဲ့ယာဉ်များကို အချို့သော အခြေအနေကိစ္စများ အတွက် လမ်းမများတွင် မောင်းနှင်ခွင့် ပြုခဲ့သည်။ 

 

မောင်းသူမဲ့ယာဉ်များကို အမေရိကန်နှင့် တရုတ်တို့က စမ်းသပ်မှုများပြုလုပ်နေချိန်တွင် ဂျာမနီနိုင်ငံသည် ဥပဒေအသစ်များအတွက် ဆွေးနွေးနေပြီဖြစ်သည်။ 

 

Advertisement 

Click Here >>> Queen Empire

 

TDK သည် ၎င်း၏ မော်တော်ယာဉ်များတွင် အသုံးပြုသည့် TMR Sensor ကို ၂၀၁၄ ခုနှစ်တွင် စီးပွားရေးအရ ပထမဆုံး တင်ပို့ဖြန့်ချိနိုင်ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီပြိုင်ဖက်များဖြစ်သည့် အမေရိကန်မှ Crocus Technology နှင့် တရုတ်နိုင်ငံမှ MultiDimension Technology တို့ကလည်း ၎င်းတို့၏ နည်းပညာများအတွက် တိုးချဲ့ ရင်းနှီးမြှုပ်နှံလျက်ရှိကြသည်။ 

 

အခြားသော နိုင်ငံခြား ကုမ္ပဏီများမှ လျှပ်စစ်ကားဈေးကွက်တွင် ဦးဆောင်နေချိန်၌ ဂျပန်ကုမ္ပဏီများသည် Sensor နှင့် အခြား လျှပ်စစ်ပစ္စည်းများထုတ်လုပ်ရေးတွင် အခိုင်အမာရပ်တည်လျက်ရှိသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံမှ Murata Manufacturing ကုမ္ပဏီသည် ၎င်း၏ Multilayered Ceramic Capacitors များဖြင့် ကမ္ဘာ့ဈေးကွက်ရှယ်ယာ ၄၀% ပိုင်ဆိုင်ထားပြီး အဆိုပါ Capacitor များကို လျှပ်စစ်မော်တော်ယာဉ်များတွင် လည်း ထည့်သွင်းအသုံးပြုလျက်ရှိသည်။ 


Source - Nikkei Asia

Read 178 times