ရန်ကုန်မြို့ရှိ အငှားယာဉ် အစီးရေ ၅၀၀ ကို ခေတ်မီနည်းပညာမြင့် စမတ်မီတာများ စတင်တပ်ဆင်ပြေးဆွဲမည်


ရန်ကုန်မြို့ရှိ အငှားယာဉ် အစီးရေ ၅၀၀ ကို ခေတ်မီနည်းပညာမြင့် စမတ်မီတာများ စတင်တပ်ဆင်ပြေးဆွဲမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အငှားယာဉ်များ စနစ်တကျလုံခြုံမှုရှိစွာ ပြေးဆွဲနိုင်ရန်နှင့် သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အငှားယာဉ်အစီးရေ ၅၀၀ ခန့်ကိုရှေ့ပြေး စီမံချက်အနေဖြင့် ခေတ်မီနည်းပညာမြင့် စမတ်မီတာများ တပ်ဆင်ပေးသွားမည်။

“ကျွန်တော်တို့ YRTC အနေနဲ့ သင့်တင့်မျှတတဲ့ နှုန်းထားတစ်ခုသတ်မှတ် ပြီးတော့ . အငှားယာဉ်ပေါ် ခရီးသည် တက်တက်ချင်း နှုန်းထားဘယ်လောက် ကောက်ခံမလဲဆိုတာနဲ့ ကီလိုမီတာ
အလိုက် နှုန်းထားဘယ်လောက် ကောက်ခံမလဲဆိုတာကို အချက်အလက်တွေ ကောက်ယူတာ ရှိပါတယ်။ အငှားယာဉ်တွေကို ခေတ်မီနည်းပညာမြင့် စမတ်မီတာတွေ တပ်ဆင်တော့မှာမို့ ခရီးသည်တွေ သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ စီးနင်းနိုင်ဖို့ အချက်အလက်တွေ ကောက်ယူပြီး တွက်ချက်ဆောင်ရွက် ထားတာလည်းဖြစ်သလို YRTC မှာ အတည်ပြု ပြီးသွားရင်တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ မကြာမီ တပ်ဆင်မယ့် မီတာတွေဟာ အဆင့်မီတဲ့ စမတ်မီတာတွေဖြစ်တာမို့ ပြည်ပကနေ မီတာမှာယူတာနဲ့ တပ်ဆင်တာ အားလုံးပေါင်းလိုက်မယ်ဆိုရင် အနည်းဆုံးသုံးလ သို့မဟုတ် လေးလလောက်အချိန်ကြာမြင့်ပြီးတဲ့ နောက်ပိုင်းမှာဆိုရင် စတင်တပ်ဆင်နိုင်မှာဖြစ်ပါတယ်” ဟုရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) တွဲဖက်အတွင်း ရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

၂၀၁၅ ခုနှစ် ဇွန် ၁၈ ရက်တွင် အငှားယာဉ်နှုန်းထားသတ်မှတ်ရေး ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး၏ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ် တကျပြေးဆွဲရေးနည်းဥပဒေ (၂၈)၊(င) အရ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်များ ကြီးကြပ်မှုကော်မတီသည် အငှားယာဉ်များအားလုံး မီတာဖြင့်အသုံးပြုနိုင်ရေး၊ ခေတ်မီနည်းစနစ်များ တပ်ဆင်အသုံးပြု နိုင်ရေးအောင်မြင်အောင် ဆောင်ရွက်ရမည်ဆိုသည့် အတည်ပြုပြဋ္ဌာန်း ချက်အတိုင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မီတာများတပ်ဆင်ပြီးပြီဆိုပါက အငှားယာဉ်စီးခနှုန်းထား သတ်မှတ်ရာတွင် CNG ဈေးနှုန်းအပေါ်မူတည်တွက်ချက်ခြင်း မဟုတ်ဘဲ စက်သုံးဆီဈေးနှုန်းအပေါ် မူတည်တွက်ချက်၍ ယာဉ်စီးခနှုန်းထားကို သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ အငှားယာဉ်များတွင် ခေတ်မီ နည်းပညာမြင့် စမတ်မီတာများ တပ်ဆင်သွားမည်ဖြစ်သောကြောင့် CNG ယာဉ်များနှင့် လေဆိပ်တွင်ပြေးဆွဲနေသည့် အငှားယာဉ်များအား ဦးစားပေးတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

အငှားယာဉ်များတွင်တပ်ဆင်မည့်မီတာများအား YRTC စိုက်ထုတ်၍ ဝယ်ယူတပ်ဆင်ပေးမည်ဖြစ်ရာ ယာဉ်ပိုင်ရှင်နှင့် စာချုပ်ချုပ် ဆို၍ YRTC အား လစဉ်ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း၊ မီတာ တပ်ဆင်ထားသည့် အငှားယာဉ်ဖြစ်ကြောင်းကို ငှားရမ်းစီးနင်းကြမည့် ခရီးသည်များ အဝေးမှ မြင်သာစေရန်အတွက်အမှတ်အသားဖြင့် ပြသဆောင်ရွက်ထားမည်ဖြစ်ပါသည်။

Source Mirror 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 348 times