ရန်ကုန်မြို့တွင်း တက္ကဆီများ ကိုဗစ်စည်းကမ်းများ လိုက်နာရန် လိုအပ်


ရန်ကုန်မြို့တွင်း မောင်းနှင်ပြေးဆွဲသည့် တက္ကဆီများသည် မြို့နယ်တွင်းမှာသွားလာသည် ဖြစ်စေ၊ မြို့နယ်ကျော် သွားလာသည်ဖြစ်စေ

ကိုဗစ်ကူးစက်မှု ကာကွယ်တားဆီးရန် ချမှတ်ထားသော စည်းကမ်းများကို မလွဲမသွေ လိုက်နာရန် လိုအပ်သည်။ ကိုဗစ်-၁၉ ကာကုထိန်းဗဟိုမှ ထုတ်ပြန်ထားသည့် တစ်ကိုယ်ရေဆိုင်ရာ လိုက်နာရမည့် အချက်များကို လိုက်နာ ရမည် ဖြစ်သည်။

ယာဉ်မောင်းသည် မတ်စ်ကို နှာခေါင်းနှင့် ပါးစပ် လုံခြုံအောင် စနစ်တကျ တပ်ဆင်ထားရမည်။ မကြာခဏ လက်ဆေးရန်အတွက် လက်သန့်ဆေးရည် ကားပေါ်တွင် သင့်ပါရမည်ဖြစ်ပြီး မကြာမကြာ လက်ဆေးခြင်းကိုလည်း လုပ်ဆောင်ရမည် ဖြစ်သည်။

မတ်စ်မပါလျှင်ဖြစ်စေ၊ မတ်စ်ကို စနစ်တကျ တပ်ဆင်ထားခြင်း မရှိလျှင်ဖြစ်စေ သွားလာမှု တားမြစ် အရေးယူခံရမည် ဖြစ်သည်။

ယာဉ်ပေါ်တွင် ခရီးသည် နှစ်ဦးထက် ပိုတင်ခွင့် မရှိချေ။ ခရီးသည် နှစ်ဦးထက် ကျော်လွန်နေပါက သွားလာမှု တားမြစ် အရေးယူခံရမည် ဖြစ်သည်။

ဘဏ်လုပ်ငန်း၊ ဆေးရုံလုပ်ငန်း ကျန်းမာရေးဝန်ထမ်း အစရှိသည့် လုပ်ငန်းဖွင့်လှစ်လုပ် ကိုင်ရန် ခွင့်ပြုထားသော လုပ်ငန်းများမှ ဝန်ထမ်းများ။ QR Pass ဖြင့် သွားလာရသော ဝန်ထမ်းများ အစရှိသူတို့ အလုပ်တက်ဆင်းနှင့် အလုပ်ကိစ္စဖြင့် သွားလာနိုင်ရန် အတွက် တက္ကဆီကို အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းတို့သည်လည်း ကိုဗစ်စည်းကမ်းများကို လိုက်နာစောင့်ထိန်းကြရမည် ဖြစ်သည်။

Read 18312 times