စက်သုံးဆီစျေးနှုန်း မြင့်တက်လာသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ အငှားယာဉ်အချို့ ပြေးဆွဲခြင်း မပြုဘဲ ရပ်န


စက်သုံးဆီစျေးနှုန်း မြင့်တက်လာသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ အငှားယာဉ်အချို့ ပြေးဆွဲခြင်း မပြုဘဲ ရပ်နားခြင်းများရှိလာ

 

စက်သုံးဆီစျေးနှုန်း မြင့်တက်လာသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ အငှားယာဉ်အချို့ ပြေးဆွဲခြင်းမပြုဘဲ ရပ်နားခြင်းများရှိလာ ကြောင်း အငှားယာဉ်မောင်းနှင်သူများထံမှ သိရသည်။

“ဆီစျေးက မတရားတက်လာတယ်။ အခု တစ်လီတာကို ၁၆၅၀ နားရောက်လာတော့ ဘယ်လိုမှ မကိုက်တော့ဘူး။ လောလော ဆယ်တော့ ရပ်ထားရတယ်”ဟု အငှားယာဉ်မောင်းနှင်ခဲ့သူတစ်ဦးက ပြောကြားသည်။

စက်သုံးဆီစျေးနှုန်းများမှာ ဇန်နဝါရီမှ စတင်ကာ တရိပ်ရိပ်မြင့်တက်ခဲ့ပြီးနောက် အငှားယာဉ်မောင်းနှင်သူများမှာ တွက်ခြေ မကိုက်ခြင်းများဖြစ်လာကြောင်း သိရသည်။

“အခုက ဆီကားဆိုရင် ဘယ်သူမှ မမောင်းတော့ဘူး။ အုံနာကြေးက Fielder ကို တောင် တစ်ရက် ခြောက်ထောင်လောက်ပဲ ပေးရတယ်။ ဒါပေမဲ့ မောင်းမယ့်သူမရှိဘူး။ အုံနာကြေးက ခြောက်ထောင်ပဲပေးရပေမဲ့ ဆီက တစ်ရက်ကို တစ်သောင်းခွဲ နှစ်သောင်း လောက်ထည့်ရတယ်။ ပြန်ရတဲ့ငွေနဲ့က ဘယ် လိုမှမကိုက်လို့ ဆီကားဆို ပြန်အပ်ကြတာ များတယ်”ဟု အငှားယာဉ်မောင်းနှင်သူတစ် ဦးက ပြောကြားသည်။

လက်ရှိတွင် CNG ဖြင့် မောင်းနှင်ရသည့် အငှားယာဉ်များမှာ ယာဉ်မောင်းသူများ အကြိုက်ဖြစ်နေသော်လည်း အုံနာခမှာ အ နည်းဆုံး ကျပ်တစ်သောင်းသုံးထောင်ပေးရ ကြောင်း အငှားယာဉ်မောင်းများထံမှ သိရ သည်။

“CNG ကားက အခုမောင်းချင်တဲ့သူ တော်တော်များတယ်။ အုံနာတွေကလည်း စျေးကိုင်တယ်။ ဖင်ကောက် CNG လိုကား များကိုတောင် တစ်ရက်ကျပ်တစ်သောင်းသုံး ထောင်ပေးရတယ်။ Fielder CNG ဆိုရင် တစ်ထောင်၊ နှစ်ထောင်လောက် ပိုပေးရ တယ်”ဟု ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်း နှင်သူတစ်ဦးထံမှ သိရသည်။

အလားတူ စက်သုံးဆီစျေးနှုန်းများ မြင့် တက်လာခြင်းကြောင့် ပရဟိတအသင်းအချို့ မှာလည်း အခက်အခဲများနှင့် ရင်ဆိုင်ရလျက် ရှိကြောင်း သိရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ဖေဖော်ဝါရီ ၅ ရက် စျေးနှုန်းအရ ၉၂ တစ်လီတာလျှင် ၁၆၄၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ကျပ် ၁၇၀၀ အထိ မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းစက် သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစတင်၍ တရိပ်ရိပ် မြင့်တက်ခဲ့ရာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ကုန်တွင် စက်သုံးဆီအမျိုးအစားအားလုံး တစ် လီတာ ကျပ် ၁၅၀၀ အထက် စတင်ရောက် ရှိခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီက ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၆၂၅ ကျပ်သာရှိခဲ့ကြောင်း သိရသည်။

 

news-eleven.com

Read 8979 times