ဗီယက်နမ်ဘီလျံနာ၏ အီးဗီတက္ကစီကုမ္ပဏီ လာအိုသို့ တိုးချဲ့မည်


ဗီယက်နမ်ဘီလျံနာ၏ အီးဗီတက္ကစီကုမ္ပဏီ လာအိုသို့ တိုးချဲ့မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဗီယက်နမ်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလျံနာ ဖန်နပ်ဗောင် Pham Nhat Vuong ပိုင်ဆိုင်သည့် အီးဗီတက္ကစီကုမ္ပဏီ GSM သည် ယခုနှစ်အတွင်း လာအိုတွင် ဝန်ဆောင်မှုများ စတင်ရန် စီစဉ်နေပါသည်။


GSM(Green and Smart Mobility) သည် ဖန်နပ်ဗောင် ၉၉% ပိုင်ဆိုင်သည့် ဗီယက်နမ်အီးဗီလုပ်ငန်း VinFast မှ ထုတ်လုပ်သည့် အီးဗီများနှင့် အီးစကူတာများကိုသာ အသုံးပြုပါသည်။ ဗီယက်နမ်မှာ အီးဗီများနှင့် အီးစကူတာများဖြင့် တက္ကဆီ ပြေးဆွဲလျက်ရှိရာ ပင်လယ်ရပ်ခြားသို့ တိုးချဲ့လုပ်ကိုင်မည့် ပထမဆုံး ခြေလှမ်းအဖြစ် လာအိုတွင် အီးဗီတက္ကဆီ ပြေးဆွဲမည် ဖြစ်သည်။
VinFast မှ ထုတ်လုပ်သည့် အီးဗီ အစီး ၁၅၀ ကို လာအိုသို့ ပေးပို့ပြီး အီးဗီတက္ကဆီဝန်ဆောင်မှု စတင်မည်။ ယခုနှစ်ကုန်တွင် အစီးရေ ၁,၀၀၀ အထိ တိုးချဲ့ရန် ရည်မှန်းထားသည်။ 
VinFast မှ ထုတ်လုပ်သည့် အီးဗီ VF 5 Plus နှင့် VF e34 မော်ဒယ် ၂ မျိုးကို အသုံးပြုမည်။

GSM ကို ဗိယက်နမ် လုပ်ငန်းစုကြီး Vingroup ၏ ဥက္ကဋ္ဌ ဖန်နပ်ဗောင်က မတ်လတွင် ထူထောင်ခဲ့သည်။ GSM တွင် ဖန်နပ်ဗောင်က ၉၅% ပိုင်ဆိုင်သည်။ 
တက္ကဆီ ငှားရမ်းပေးသည့် အက်ပ်လုပ်ငန်း Be Group နှင့် စီးပွားဖက် ပြုထားသည်။ 

လက်ရှိတွင် GSM သည် VinFast အီးဗီများ အများဆုံး ဝယ်ယူသည့် ဝယ်လက်ဖြစ်ပါသည်။
ဒုတိယ ၃ လပတ်တွင် GSM သည် VinFast ထံမှ အီးဗီ အစီးရေ ၇,၁၀၀ ဝယ်ယူခဲ့သည်။ 
GSM သည် VinFast ထံမှ လျှပ်စစ်စကူတာ အစီးရေ ၂ သိန်းနှင့် အီးဗီ အစီးရေ ၃ သောင်း ဝယ်ယူရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည်။


Vnexpress 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1106 times