Taxi Board များအား ဥပဒေ၊ နည်းဥပဒေနှင့်အညီ တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်သွားမည်


Taxi Board များအား ဥပဒေ၊ နည်းဥပဒေနှင့်အညီ တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်သွားမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

City Taxi များ၏ Taxi Board အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ထုတ်ပြန်သည့် အသိပေးကြေညာချက်ကို မျှဝေအပ်ပါသည်။


ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသည့် City Taxi များ၏ Taxi Board များသည် အရွယ်အစားအမျိုးမျိုး၊ အရောင်အမျိုးအမျိုး၊ ထားရှိသည့်နေရာအမျိုးမျိုးဖြင့် ကွဲပြားစွာ တပ်ဆင်ပြေးဆွဲ သွားလာနေသဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရေး၊ ပြဋ္ဌာန်းထား သည့် ဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေး အတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုနည်းဥပဒေ အပိုဒ် ၂၇၃ (က) အရ “အမိုးတွင်ဆေးနီဖြင့်ရေးသားထားသော “TAXI” စာသားကို မြင်နိုင်စေသည့် အဖြူရောင် ဆိုင်းဘုတ်မီးအိမ် တပ်ဆင်ထားရမည်” ဟူသည့် နည်းဥပဒေအတိုင်း တစ်ပြေးညီ တပ်ဆင်ပြေးဆွဲရမည်။

Taxi Board ၏ အရွယ်အစားများမှာ အောက်ခြေအလျား ၁၀ လက်မ၊ အပေါ် အလျား ၉ လက်မ၊ အောက်ခြေအကျယ် ၅ လက်မ၊ အပေါ်အကျယ် ၂ လက်မနှင့် အမြင့် ၃ လက်မ ၃ ဖြစ်ပြီး အဆိုပါ Taxi Board ကို ခေါင်မိုးပေါ် မှန်ထိပ်မှ ၁ပေအကွာ ဘယ်/ညာ ညီညာစွာ တပ်ဆင်ထား ရှိရမည်။

ဤသတင်းကြေညာသည့် ၁၀-၉-၂၀၂၃ ရက်နေ့မှ ၈-၁၂-၂၀၂၃ ရက်နေ့အထိ အသိပညာ ပေးကာလအဖြစ်သတ်မှတ်၍ ပညာပေးကာလရက်ပေါင်း (၉၀) ပြီးဆုံးပါက ၉-၁၂-၂၀၂၃ ရက်နေ့မှစတင်၍ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၆ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)



 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 559 times