ပြည်ပမှ မော်တော်ယာဉ်တင်သွင်းသော စည်းကျပ်တပ်ဖိုး(CIF) ဈေးနှုန်းသစ်များကို ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ထုတ်ပြန်လိုက်ကြောင်းသိရသည်။
စည်းကျပ်တန်ဖိုးအလိုက် မော်တော်ယာဉ်တင်သွင်းသူမှ အစိုးရထံသို့အခွန်ပေးဆောင်ရခြင်းဖြစ်ပါသည်။
ယခုကဲ့သို့တန်ဖိုးများပြောင်းလဲသတ်မှတ်လိုက်သောကြောင့် တင်သွင်းသည့် ကားဝယ်ဈေးမှာကျဆင်းသွားမည်ဖြစ်သော်လည်း ၂၀၁၇ ခုနှစ်ပါမစ်ဖြင့် တင်သွင်းသူအတွက် ယခင်နှစ်ထက်ကုန်ကျစရိတ်ပိုများလာမည်ဖြစ်ကြောင်းသိရသည်။
အထူးကုန်စည်ခွန်တိုးလာခြင်းနှင့် ဝင်ငွေခွန်နှုန်းထားတိုးလာခြင်းကြောင့် ယခုကဲ့သို့ကုန်ကျစရိတ်များလာခြင်း ဖြစ်သည်။
အင်ဂျင်အားလေးထောင်နှင့် ငါးထောင်စီစီကြားမှ ကားများအတွက် အထူးကုန်စည်ခွန် ၂၅ ရာခိုင်နှုန်းထားရာမှ ၅၀ ရာခိုင်နှုန်းအထိတိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်းသိရသည်။
၂၀၁၁ ယာဉ်အိုယာဉ်ဟောင်းစနစ်အရ သိန်းသုံးရာအောက်ကားအတွက် ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းကောက်ခံပြီး သိန်းသုံးရာကျော်ပါက ၂၀ ရာခိုင်နှုန်းပြောင်းလဲကောက်ခံမည်ဖြစ်ပါသည်။
အင်ဂျင်အား ၁၃၀၀ စီစီအောက်ဖြစ်ပြီး ၂၀၁၀ အထက်မော်ဒယ်အတွက် စည်းကျပ်တန်ဖိုးမှာ မပြောင်းလဲပဲ အမေရိကန်ဒေါ်လာ ငါးထောင်သာသတ်မှတ်မည်ဖြစ်ပါသည်။
၂၀၁၅ မော်ဒယ်အတွက်လည်း ဘယ်မောင်းမော်တော်ယာဉ်ကိုသာတင်သွင်းရမည်ဆိုသည့်အချက်ကိုလည်း စည်းကမ်းထုတ်ထားကြောင်းသိရသည်။
အသုံးပြုပြီးသားကားများအတွက် အခွန် ၁၀ ရာခိုင်နှုန်းလောက်အထိလျှော့သွားခြင်းရှိပြီး တက်သွားသည့်ရာခိုင်နှုန်းနည်းသည်ကို တွေ့ရပါသည်။