Tata အိမ်စီးကား မော်ဒယ်များ ရောင်းအား မြင့်တက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tata အိမ်စီးကား မော်ဒယ်များ ၂၀၂၂ နိုဝင်ဘာလတွင် စီးရေ ၄၆,၄၂၅ ရောင်းချခဲ့သည်။ ယမန်နှစ် နိုဝင်ဘာလတွင် စီးရေ ၂၉,၉၄၇ ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် ၅၅ ရာခိုင်နှုန်း ရောင်းအား မြင့်တက်ခဲ့သည်။
၂၀၂၂ နိုဝင်ဘာလအထိ ပထမ ၉လတာတွင် Tata Motors သည် ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်များတွင် အိမ်စီးကား စီးရေ ၇၅,၄၇၈ ရောင်းချခဲ့သည်။
Tata လုပ်ငန်းသုံး မော်တော်ယာဉ်ရောင်းအားမှာ ၂၀၂၂ နိုဝင်ဘာလတွင် စီးရေ ၂၉,၀၅၃ ရှိခဲ့သည်။ ယမန်နှစ် နိုဝင်ဘာလထက် ၁၀ ရာခိုင်နှုန်း မြင့်တက်သည်။
အီးဗီရောင်းအားမှာ ၂၀၂၂ နိုဝင်ဘာလတွင် ပြည်တွင်းဈေးကွက်တွင် ၄,၄၅၁ စီး ရောင်းချခဲ့သည်။
ယမန်နှစ်က Punch micro SUV မော်ဒယ်အသစ်ကို Tata စတင်ထုတ်လုပ် ရောင်းချခဲ့သည်။ ယခုအထိ အရောင်းရဆုံး ကားမော်ဒယ် ၁၀ မျိုး စာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။
ယခုနှစ်အတွက် အိန္ဒိယတွင် အရောင်းရဆုံးကားမော်ဒယ် ဖြစ်ဖို့ သေချာနေပြီဖြစ်သည်။
Source: gaadiwaadi