TANK 500 ထိုင်းဈေးကွက် ပွဲဦးထွက် ရောင်းအားကောင်း


TANK 500 ထိုင်းဈေးကွက် ပွဲဦးထွက် ရောင်းအားကောင်း


မကြာသေးမီက ကျင်းပခဲ့သော Bangkok International Motor Show တွင် Great Wall Motor (GWM) သည် TANK 500 Hybrid SUV အတွက် ကြိုတင်ရောင်းချမှု အမှာစာ ၁,၀၀၀ ကျော် ရရှိခဲ့ကြောင်း ကုမ္ပဏီက ကြေညာခဲ့သည်။

TANK 500 စတင်ရောင်းချချိန်မှစ၍ ကမ္ဘာတစ်ဝှမ်းတွင် အစီးရေ ၂ သိန်းကျော် ရောင်းချခဲ့ပြီးပြီဖြစ်သည်။

GWM သည် ထိုင်းနိုင်ငံတွင်လည်း TANK 500 ကို အကြိုက်တွေ့ကြလိမ့်မည်ဟု မျှော်လင့်ထားသည်။

 

မော်ဒယ်အသစ်ကို GWM TANK စူပါဟိုက်ဘရစ်ဗိသုကာဖြင့်  တည်ဆောက်ထားသည်။
အင်ဂျင်၊ မော်တာ၊ ၄ ဘီးယက်စနစ် စသည်တို့ကို ညီညွှတ်နေအောင် ပေါင်းစည်း ပေးထားသည်။
ယာဉ်အတွင်းပိုင်းကိုလည်း အထက်တန်းစား လုပ်ပေးထားသည်။
ယာဉ်အောက်ပိုင်း suspension ကိုလည်း လမ်းကောင်းမှာ မောင်းသည်ဖြစ်စေ၊ လမ်းကြမ်းမှာ မောင်းသည်ဖြစ်စေ အဆင်ပြေအောင် ဒီဇိုင်း ထုတ်ထားသည်။ TANK Turn ဆုံလည် လှည့်နိုင်သည်။
driving mode အနေဖြင့် လမ်းကောင်းအတွက် normal, sport, eco နှင့် snow တို့ပါဝင်သည်။
လမ်းကြမ်းအတွက် mode ၆ ခု ပါသည်။ 
sand, rock, 4L, 4H, automatic နှင့်  expert တို့ ဖြစ်သည်။

 


Source Bangkokpost 
 

Read 434 times