ကားဘက်ထရီနှင့်ပတ်သတ်၍ သတိထားသင့်သည့် အချက် ကိုးချက်


ကားဘက်ထရီ ချို့ယွင်းခဲ့လျှင် စက်နှိုးလို့မရခြင်းက ဘက်ထရီသည် ကား၏ အဓိက အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်သည်ဆိုခြင်းကို ညွှန်ပြနေခြင်းပါသည်။

ထို့ကြောင့် ကားဘက်ထရီနှင့်ပတ်သက်ပြီး ဂရုပြုသင့်သည့် အချက် ကိုးချက်ကိုဖော်ပြပေးလိုက်ပါသည်။

ထို့ကြောင့် ကားဘက်ထရီနှင့်ပတ်သက်ပြီး ဂရုပြုသင့်သည့် အချက် ကိုးချက်ကိုဖော်ပြပေးလိုက်ပါသည်။

၁။ ကြိုးတွေ စစ်ဆေးပါ။

ဘက်ထရီအနီ (+) ငုတ်မှလာသောကြိုးသည် ချိတ်ဆက်သော နေရာများတွင် ခိုင်ခိုင်မြဲမြဲတပ်ဆင်ထားတာမျိုးဖြစ်ရပါမည်။

ခေါင်းချောင်နေပြီး မမိတမိဖြစ်နေခြင်းက အင်ဂျင်က ချက်ချင်းမနိုးဘဲ အီနေခြင်းမျိုးဖြစ်နိုင်ပါသည်။

ဘက်ထရီ အနက်(-) ငုတ်ကလာသော ကြိုးက earth ကြိုးအနေနှင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ခေါင်းချောင်နေရင်လည်း အင်ဂျင်စက်နှိုးသည့်အခါ အီနေတတ်ပါသည်။

ထို့ကြောင့် ဘက်ထရီငုတ် နှစ်ခုနဲ့ဆက်သွယ်ထားသော ကြိုးများ ကောင်း မကောင်း၊ ဆက်သွယ်သည့် နေရာက ထိထိမိမိအမြဲရှိနေစေရန် စစ်ဆေးသင့်ပါသည်။

၂။ အက်စစ်ပါဝါဒီဂရီ

ခဲသားကိုအခြေပြုပြီး အက်စစ်အရည်နှင့် ဓာတ်ပြုစေသော ဘက်ထရီမှာ အက်စစ်ပါဝါဒီဂရီမှန်နေရန်နှင့် အက်စစ်ပမာဏလျော့ကျမသွားစေရန် ဂရုပြုသင့်ပါသည်။

အက်စစ်ပါဝါဒီဂရီကျဆင်းနေ၍ စက်နှိုးမရခြင်းမျိုးလည်း ကြုံရတတ်ပါသည်။

၃။ လိုအပ်ရင် ထပ်ဖြည့်ပါ။

အသုံးကြာလာသည်နှင့်အမျှ အက်စစ်ကခန်းခြောက်လျော့နည်းလာတတ်သောကြောင့် သတ်မှတ်ထားသည့် ပမာဏအတိုင်းအမြဲရှိနေစေရန် ဂရုစိုက်ရမှာဖြစ်ပါသည်။

၄။ အားသွင်းတဲ့ စနစ်။

ဘက်ထရီထဲကို အားသွင်းတဲ့စနစ်က မကောင်းရင်အားမဝင်သည်နှင့် သိနိုင်ပြီး ဒိုင်အုတ်အပိုင်းကိုစစ်ဆေးရပါမည်။

အားသွင်းပိုင်း အမြဲကောင်းနေရန် လိုအပ်သောကြောင့် သုံးလတစ်ကြိမ်စစ်ဆေးသင့်ပြီး စက်နှိုးချိန်တွင် ဒက်ရှ်ဘုတ်ပေါ်က မီးများမှိန်နေမည်ဆိုလျှင် အားသွင်းသောစနစ်ကို စစ်ဆေးရန် လိုအပ်နေခြင်းဖြစ်ပါသည်။

၅။ ကြာရှည်မခံရင်။

အားသွင်းထားပါလျက် ဘက်ထရီအားက ကြာရှည်မခံဘူး၊ အားထိန်းမထားနိုင်တော့ဘူးဆိုလျှင် အားသွင်းသော စနစ်ကြောင့်မဟုတ်ဘဲ ဘက်ထရီ၏ အားနည်းချက်ဖြစ်သောကြောင့်

ခဲပြားများ၏ အခြေအနေ၊ အက်စစ်နှင့် မိုးရေစသော အပိုင်းများကို စစ်ဆေးရပါမည်။

၆။ ဘက်ထရီအား တိုင်းတာပါ။

ဘက်ထရီအားကိုတိုင်းတာရန် ဒစ်ဂျစ်တယ်ဗို့မီတာကိုသုံးရပါမည်။

စံနှုန်းများ အမြဲမှတ်သားထားရပါမည်။

ဘက်ထရီအားတိုင်းသည့်အခါဖြစ်စေ၊ အက်စစ်တိုင်းတာသည့်အခါဖြစ်စေ စက်ရပ်ထားပြီး အနည်းဆုံးငါးမိနစ်လောက်ကြာမှ စစ်ဆေးသင့်ပါသည်။

၇။ ပိုမထည့်မိပါစေနဲ့။

အက်စစ်ပမာဏလိုအပ်တာထက် ပိုမထည့်မိရန် လိုအပ်သလို အက်စစ်၏ ပြင်းအားကလည်း လိုအပ်တာထက်မကျော်မိစေရန် သတိထားရပါမည်။

၈။ ဆားပေါက်လျှင်။

ဘက်ထရီခေါင်းကြိုးအဆက်နေရာများတွင် ဆားပေါက်တတ်ပါသည်။

အဖြူရောင်ဆားပွင့်တွေ များလာလျှင် ရေနွေးလောင်းဆေးကြောခြင်း၊ သန့်ရှင်းပေးခြင်းများ ပြုလုပ်သင့်ပါသည်။

အိုး၏ ပတ်ဝန်းကျင်တွင် ယိုစိမ့်ခြင်းများရှိ မရှိလည်း ပုံမှန်စစ်ဆေးသင့်ပါသည်။

၉။ သက်တမ်းကို ဂရုပြုပါ။

သက်တမ်းလွန်ဘက်ထရီကြောင့် စက်နှိုးမရခြင်းလည်း ဖြစ်တတ်ပါသည်။

ဘက်ထရီ၏ သက်တမ်းသည် အရည်အသွေးပေါ်မူတည်ပြီး နှစ်နှစ်မှ လေးနှစ်အထိ အသုံးပြုနိုင်ပါသည်။

 

Read 1750 times