လမ်းသွားလမ်းလာတွေ မထိခိုက်အောင် သတိထားပြီး ကားမောင်းသင့်တဲ့ နေရာတွေ


သတိလက်လွတ်ဖြစ်သည့်ယာဉ်မောင်းတချို့ကြောင့်လမ်းသွားလမ်းလာများထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုအရေအတွက်များနေဆဲဖြစ်ပြီး ယာဉ်မောင်းများအနေဖြင့်လည်း ယာဉ်ပေါ်ရောက်ပြီဆိုသည်နှင့် အန္တ ရာယ်ကင်းရန်အတွက် ဦးစားပေးစဉ်းစားထားရန် လိုသောကြောင့်ဘယ်လိုနေရာတွေမှာ သတိထားမောင်းနှင်ဖို့ လိုသည်ကို ဖော်ပြပေးလိုက်ပါသည်။

ကျောင်းပတ်ဝန်းကျင်

ကလေးသူငယ်များ၊ မိဘများွ၊ ဈေးသည်များ၊ ကားများစသဖြင့်အသွားအလာရှုပ်နေသည့်နေရာမျိုးတွင် အရှိန်နှုန်းကိုထိန်းမောင်းဖို့လိုအပ်သကဲ့သို့ပတ်ဝန်းကျင်ကိုလည်းစက္ကန့်မလပ်သတိပြုနေရန် လိုအပ်ပါသည်။

အသက် (၅) နှစ်မှ(၉)နှစ်အကြားအရွယ်ကလေး ၂၀ ရာခိုင်နှုန်းလောက်မှာယာဉ်တိုက်မှုများကြောင့် သေဆုံးရကြောင်းသိရသည်။

ကားပါကင်

ကားရပ်ဖို့နေရာကိုသာသဲကြီးမဲကြီးရှာနေသည်နှင့်လမ်းလျှောက်ထွက်လာသူများနှင့်တခြားကားများွကိုသတိမထားမိဘဲတိုက်မိခြင်းများဖြစ်တတ်သောကြောင့်ပါကင်နေရာရောအခြားသူတွေအန္တရာယ်ကင်းဖို့အတွက်ပါကြည့်ရန်လိုအပ်ပါသည်။

မြို့တွင်းလမ်းများ

လမ်းသွားလမ်းလာများ၊ယာဉ်များနှင့်အမြဲရှုပ်နေသည့်နေရာများတွင်ရုတ်တရက်လမ်းဖြတ်ကူးသူများနှင့်လည်း ကြုံရတတ်သောကြောင့်သတိဆိုတာပိုတယ်လို့မရှိပါဘူး။

ပွဲတော်များ

လမ်းမပေါ်မှာ ပျော်ပွဲရွှင်ပွဲ ကျင်းပနေချိန်တွေ၊ အားကစား ပြိုင်ပွဲ၊ ဖျော်ဖြေပွဲစတာတွေရှိနေရင် အန္တရာယ်အကင်းဆုံးဖြစ်ဖု့ိခပ်ဝေးဝေးလမ်းကြောင်းကသာ ရှောင်မောင်းလိုက်ပါ။

ရုံးပိတ်ရက်များ

ရုံးပိတ်ရက်များတွင်လမ်းများထဲတွင်ပျော်ရွှင်ပွဲများလုပ်လေ့ရှိသကဲ့သို့ညနေဘက်များတွင်လည်းလမ်းများထဲ တွင်ကလေးများွထွက်ကစားကြခြင်းများရှိသောကြောင့်ကိုယ်မကျွမ်းကျင်တဲ့လမ်းပိုလို့သာ သတိထားပါ။

 

Read 2235 times