၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် နေ့/ည အချိန်တိုင်း ပြေးဆွဲနေသော အောက်ဆိုက်ကား ၃၀၂ စီးအား အရေးယူ


ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္တနေ့တွင် ထန်းတပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးက “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBS ယာဉ်လိုင်းများ ပြေးဆွဲနေသော လမ်းကြောင်းများအတွင်းရှိ နေ့/ည အချိန်တိုင်း ပြေးဆွဲနေသော

 

အောက်ဆိုက်ကားများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မည်ကဲ့သို့ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ” မေးမြန်းရာ လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က

 

“ ရန်ကုန်မြို့တော်အတွင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေး အခန်းကဏ္ဍတွင် ပိုမိုကောင်းမွန်သော အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တစ်ရပ် ထူထောင်ရန် YBS စနစ်ကို ပြေးဆွဲ လာသည့်အချိန်တွင် ပြည်သူလူထုသွားလာမှုလိုအပ်ချက်အရ တိုးချဲ့ပြေးဆွဲပေးခဲ့ရာမှ

 

ာ နံပါတ်ဖြင့် ပြေးဆွဲသည့် ယာဉ်လိုင်းပေါင်း (၁၀၂) လိုင်းနှင့် Shuttle Bus လိုင်းများအပါအဝင် ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်ကြီးတင်ပြသွားသလို အချို့သောမြို့နယ်များတွင် တရားမဝင်ကြားကားများပြေးဆွဲ၍ ခရီးသည် များအားသယ်ယူပို့ဆောင်ပေးနေသည်ကို အစဉ်တစ်စိုက် အရေးယူလျက်ရှိပါကြောင်း၊

 

ထိုသို့အရေးယူ ဆောင်ရွက်လျက်ရှိရာ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်) ကွပ်ကဲမှုအောက်ရှိ အမှတ် (၆/၇/၈/၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲများက ၂၀၁၈ ခုနှစ်တွင် ကြားကားစီးရေ (၁၅၄)စီးကို ဖမ်းဆီးအရေးယူခဲ့ပြီး ၂၀၁၉ ခုနှစ် တွင်လည်း ကြားကားစီးရေ (၁၄၈)မှု ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊

 

အဆိုပါစည်းကမ်း ဖောက်ဖျက်သော အငှားယာဉ်အဖြစ်မှတ်ပုံတင်ထားခြင်းမရှိသည့် ကြားကားများကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅ အရ (သုံးသောင်းထက်မပိုသော) ဒဏ်ငွေဖြင့်သာ ချမှတ်အရေးယူ ဆောင်ရွက်ခဲ့ရသည့်အတွက် ယခုထက်ပိုမိုထိရောက်သော ဥပဒေများနှင့် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနှင့် အဆိုပါစည်းကမ်း ဖောက်ဖျက်သည့် ကြားကားများကို ဆက်လက်စောင့်ကြည့်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း’’ ပြန်လည် ဖြေကြားခဲ့ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

Read 783 times