VOLKSWAGEN ကားသစ်လေးတွေရဲ့ Body နဲ့ Engine မှာရေးထားတဲ့ TSI ဆိုတာဘာလဲ


automaker အများစုက အခုချိန်မှာ Hybrid နဲ့ electric ကားတွေကို ဦးစားပေးဖော်ထုတ်နေပေမယ့် Volkswagen ဂျာမနီအဖွဲ့ကတော့ ဓာတ်ဆီ engine အပေါ်သံယောဇဉ် မကုန်ဘဲ ခေတ်နဲ့အညီ အဆင့်ထပ်မြှင့်ခဲ့ပါတယ်။

အခြေခံအားဖြင့်တော့ အင်ဂျင် displacement (အလွယ်ခေါ် ပါဝါ ပေါ့) ကြီးရင် horsepower များမယ်ပေါ့။ ဆီများများသုံးမှ ပါဝါများများရနိုင်မှာပါ။

VW (Volkswagen) ကတော့ အင်ဂျင် displacement သေးသေး ဆီနည်းနည်း ကနေ ပါဝါ မြင့်မြင့်ရရှိမယ့် TSI အင်ဂျင်ကို ထုတ်လုပ်ခဲ့ပါတယ်။ TSI အရှည်ကတော့ Turbocharged Stratified Injection ပါ။ FSI (Fuel Stratified Injection) အင်ဂျင် ကိုအခြေခံပြီး Turbo charger ထည့်ထားတာပါ။ FSI ကိုလူသိများတာကတော့ Mitsubishi ရဲ့GDI (Gasoline Direct Injection) ပေါ။ သာမန် အင်ဂျင်တွေမှာတော့ Multipoint fuel injection ဆိုပြီး ဆီပန့် (fuel pump) ဖိအားနည်းနည်းသုံးပြီး အင်ဂျင် လေအဝင်မှာ လေနဲ့ရောထည့်ပေးတယ်။ Direct injection မှာတော့ ဖိအားများများနဲ့ အင်ဂျင် လောင်ကျွမ်းခန်းထဲ တိုက်ရိုက်ပို့ပေးပါတယ်။ fuel efficiency(ဆီစားသက်သာ) ကောင်းပြီး ပါဝါမြင့်မြင့်ရပါတယ်။

ကား exhaust emission လည်းသန့်စေပါတယ်။ DI အင်ဂျင် management မှာ ultra lean burn, Stiochometric နဲ့ full power output ဆိုပြီး ၃ မျိုးခွဲထားပါတယ်။ Stiochometric ကတော့ စံ လေ/ ဆီ အချိုးပေါ့ (14.7:1) ။ Ultra lean burn အခြေအနေကတော့ လေ/ဆီ အချိုး 65:1 နဲ့ အထက်ထိရှိပါတယ်။ 4 stroke ရဲ့ compression stroke နောက်ပိုင်းမှ ဆီထိုးပေးပါတယ်။(သာမန်မှာ Intake stroke တွင်ဆီထိုး) ။ အဲ့ဆီက ပစ္စတင်အပေါ် အချိုင့်ခွက် ထဲကိုလည်ပြီးဝင်စေပါတယ်။ ချိုင့်ခွက်ကို fuel injector နဲ့ အနီးဆုံးမှာ လုပ်ထားလေ့ရှိပြီး spark plug နဲ့လည်းနီးစပ်ရပါမယ်။ compression stroke မှာလေကိုကျစ်ပြီး ဆီဝင်လာတဲ့အခါ ချိုင့်ခွက်ကြောင့် လည်သွားပြီး လေနဲ့ဆီကို မြန်မြန်နဲ့ သမမျှတစွာ ရောစေပါတယ်။

အဲ့ အရောကို stratified charge လို့ခေါ်တာပါ။ သူ့ဘေးမှာတော့ ကျန်တဲ့လေတွေက ကာယံထားသလိုဖြစ်ပြီး လေဆီအရော လောင်ကျွမ်းတဲ့အခါ အင်ဂျင် ဆလင်ဒါ နံရံတွေကို ကာထားပေးသလိုဖြစ်လို့ အင်ဂျင်အပူ မတက်စေတဲ့ အတွက် emission မှာ သန့်တာဖြစ်ပါတယ်။ အင်ဂျင်တွင်းအပူချိန်မတက်တဲ့အတွက် လောင်ကျွမ်းပြီးလေ ပမာဏများစေပြီး အင်ဂျင်ပါဝါ ပိုတက်စေတဲ့အပြင် engine knocking ကိုပါ ကာကွယ်ပေးပါတယ်။ ဒီနည်းစနစ်ကို TSI အင်ဂျင်မှာ သုံးထားပါတယ်။ Full power အခြေ အနေ ကတော့ ကားဝိတ်များများနဲ့ တောင်တက်အနေအထားမှာ ဆီများများနဲ့ ပါဝါယူတဲ့သဘောပါ။

FSI တွေရဲ့ပြသနာကတော့ အင်ဂျင် rpm တက်လာတာနဲ့ compression stroke ရဲ့ late မှာဆီထိုးတဲ့ fuel injection time မရှိတော့တာပါပဲ။ ဒါ့ကြောင့် TSI တွေမှာတော့ ဖိအားမြင့်ပြီး တိကျတဲ့ injector အကောင်းစားတွေ သုံးရပါတယ်။ FSI ကို Turbocharger တွဲသုံးထားတဲ့ TSI engine ဟာအချို့ 1.4 TSI တွေမှာ turbocharger ရော supercharger ပါ ၂ ခုလုံးတွဲသုံးသုံးပါတယ်။ Turbo က high rpm မှာသုံးလို့ low rpm အတွက် supercharger ထည့်ပေးတာပါ။

TSI တွေဟာ green technology ခေတ်နဲ့အညီ engine displacement တွေကို ချပြီးထုတ်ပါတယ်။ 3 cylinder 1000 cc TSI ကို 2013 မှာစပြီး ဖော်ထုတ်ပါတယ်။ 2014 VW Polo နဲ့ Audi A1 တို့မှာသုံးပါတယ်။ မြင်းကောင်ရေ ၁၁၀ ရှိပြီး 100km/h ကို 9.8 sec နဲ့ရောက်ပါတယ်။ 190 km/h ထိမောင်းနိုင်ပါတယ်။ VW Polo, Golf, Beetle, Golf Plus စတဲ့ ကောင်တွေကတော့ 1.2 TSI ဖြစ်ပြီး 2009 မှာစထုတ်ပါတယ်။ 4cylinder ဖြစ်ပြီး မြင်းကောင်ရေ ၁၀၅ ပတ်လည်ရှိပါတယ်။

1.4 TSI , 1.6 FSI, 2.0 TFSI စသဖြင့် 3cylinders, 4cylinders, V6, V8, V10, V12 အထိ အမျိုးအစားများစွာရှိပြီး နည်းပညာအကွဲတွေလည်းပါပါတယ်။ TSI engine များဟာ အကောင်သေးပြီး ဆီစားသက်သာ emission လျော့ကာ ပါဝါများတဲ့ ကောင်းခြင်းတွေ ပြည့်စုံနေပါတယ်။ Direct injection ကို turbo charger တွဲသုံးထားတဲ့အတွက် သာမန်အင်ဂျင်တွေထက် ပါဝါပိုမြင့်သွား တဲ့အပြင် 1500 rpm လောက်မှာတောင် အမြင့်ဆုံး လည်အား maximum Torque ကိုရရှိစေပါတယ်။ နှိုင်းယှဉ်ရလျှင် ယခင် 1.6 L MPI 105 hp အင်ဂျင်ဟာ 1.2 L TSI DSG 105 hp အင်ဂျင်နဲ့ ညီပါတယ်။

1.2 L TSI တွေကတော့ လက်ရှိမြန်မာပြည်မှာ နေရာယူလာတာကိုလည် တွေ့ရပါတယ်။
Source: Lin Htet (Engineering Explained)

Read 1899 times