တရုတ်နိုင်ငံမှာ အမေရိကန် ကားကုမ္ပဏီများ ရောင်းအား ဆက်တိုက် ကျဆင်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံမှာ အမေရိကန် ကားကုမ္ပဏီများ ရောင်းအား ဆက်တိုက် ကျဆင်းနေပါသည်။
Ford စီအီးအို Jim Farley က "စျေးကွက်က လုံးဝပြောင်းသွားပြီ" ဟု တရုတ်နိုင်ငံနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
တရုတ်ဈေးကွက် မရတော့လျှင် အမေရိကန် ကားကုမ္ပဏီများသည် အမေရိကန်ဈေးကွက်ထဲ လျှပ်စစ်ကားများ ရောင်းချမှုကိုသာ အားကိုးရဖွယ်ရှိသည်။
တရုတ်ကားဈေးကွက်သည် ကားထုတ်လုပ်သူများအတွက် အလွန်အရေးကြီးသော ကမ္ဘာ့အကြီးဆုံး ကားစျေးကွက်ဖြစ်သည်။
.
Tesla မှလွဲ၍ အခြားနာမည်ကြီး အမေရိကန် မော်တော်ကားအမှတ်တံဆိပ်များသည် ယမန်နှစ်က တရုတ်နိုင်ငံတွင် အဓိကကျသော ရပ်တည်မှုများ ဆုံးရှုံးခဲ့သည်။
GM သည် ၂၀၂၂ ခုနှစ်အတွက် ကားရောင်းအားသည် ၂၀၂၁ ခုနှစ်ထက် ၂၀% ကျဆင်းသွားပါသည်။
တရုတ် အီးဗီ ထုတ်လုပ်သူ၏ စျေးကွက်ဝေစုသည် ၂၀၂၂ ခုနှစ်တွင် ၁၇% မြင့်တက်ခဲ့သည်။နိုင်ငံခြားကားထုတ်လုပ်သူတို့၏ ဈေးကွက်ဝေစု ၁၁% ကျဆင်းသွားသည်။
တရုတ်ကားကုမ္ပဏီများသည် လွန်ခဲ့သည့်နှစ်များစွာအတွင်း အမေရိကန် ကားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ခြင်းမှ စက်မှုလုပ်ငန်းဆိုင်ရာ ဗဟုသုတများကို တတ်သိခဲ့ကြသည်။
.
တရုတ်ကားကုမ္ပဏီများသည် ပိုမိုကောင်းမွန်ပြီး စျေးသက်သာသော ကားများ အထူးသဖြင့် အီးဗီ များကို ထုတ်လုပ်နေကြပြီး တရုတ်ပြည်မှ ကားဝယ်စီးကြသူများက ဝယ်ယူရန် စိတ်အားထက်သန်ကြသည်။
အမေရိကန်ကားများသည် သူတို့နှင့် မပတ်သက်ဟု ယူဆထားသူ များပြားလာနေသည်။
.
တရုတ်နှင့် အမေရိကန်ကြားတွင် နိုင်ငံရေးတင်းမာမှုများ ပြင်းထန်လာကာ တရုတ်နိုင်ငံတွင် လည်ပတ်လုပ်ကိုင်မှုသည် အမေရိကန်ကုမ္ပဏီများအတွက် အန္တရာယ်ပိုရှိလာသည်။
တရုတ်ဈေးကွက်သည် အမေရိကန်ကုမ္ပဏီများအတွက် ရန်လိုသည့်နေရာတစ်ခု အဖြစ်သို့ ရုတ်တရက် ရောက်ရှိသွားသည်။
.
Deutsche Bank မှ ဆန်းစစ်သူ Edison Yu က “တစ်ချိန်ချိန်မှာတော့ ရှေ့ဆက်မလား။ ဒါမှမဟုတ် တရုတ်ပြည်မှ ဆုတ်ခွာမလား ဆိုတာ ဆုံးဖြတ်ချက်ချဖို့ လိုလာလိမ့်မယ်" ဟု ပြောကြားသည်။
.
GM သည် ငွေကြေးဆုံးရှုံးသည့် စျေးကွက်များမှ ထွက်ခွာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဥရောပမှ နုတ်ထွက်ပြီး နောက်ပိုင်းတွင် ရုရှား၊ အိန္ဒိယနှင့် ဩစတြေးလျတို့မှလည်း ထွက်ခွာခဲ့သည်။ တရုတ်နိုင်ငံတွင် ဆက်လက်လည်ပတ်နေသော်လည်း ၎င်း၏စျေးကွက်ဝေစုကို ကာကွယ်ရန် ရုန်းကန်နေရဆဲဖြစ်သည်။
GM ၏ တရုတ်ဈေးကွက် ရောင်းအားသည် ယမန်နှစ်က ၂၀% ဆုတ်ယုတ်ခဲ့ပြီး၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ၂၅% ကျဆင်းခဲ့ပါသည်။
Source business insider
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U