ဆွီဒင်နိုင်ငံ၏ တစ်မူထူးခြားသည့် ဆယ်ကျော်သက် ကားမောင်းခွင့် 


ဆွီဒင်နိုင်ငံ၏ တစ်မူထူးခြားသည့် ဆယ်ကျော်သက် ကားမောင်းခွင့် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဆွီဒင်နိုင်ငံတွင် နှစ်ပေါင်း တစ်ရာနီးပါး ကြာမြင့်စွာ ကတည်းက ထရက်တာ ကဲ့သို့သော စိုက်ပျိုးရေးလုပ်ငန်းသုံးယာဉ်များကို အသက် ၁၅ နှစ်ပြည့်ပြီးပါက ယာဉ်မောင်းလိုင်စင် မရှိသော်လည်း မောင်းနှင်ရန် ခွင့်ပြုထားပါတယ်။ 
ယခုအခါ မော်တော်ယာဉ်၏ အများဆုံး အမြန်နှုန်းသည် တစ်နာရီ ကီလိုမီတာ ၃၀ ထက်မကျော်ပါက အသက် ၁၅ နှစ်ပြည့်ပြီးသူကို ယာဉ်မောင်းလိုင်စင် မရှိသော်လည်း မောင်းနှင်ရန် ခွင့်ပြုထားပါတယ်။
 တစ်နာရီ ကီလိုမီတာ ၃၀ ထက် ပိုမမြန်အောင် ထိန်းချုပ်ထားတဲ့ ကားများကို ဆွီဒင်တွင် “A-traktor” ဟု ခေါ်ကြပါတယ်။ 
 သာမန် ဓာတ်ဆီအင်ဂျင် ကားတစ်စီးကို A-traktors ဖြစ်အောင် ပြောင်းလဲပေးရန် ရှေးယခင်က  ဂါဗာနာ တပ်ဆင်ပေးကြပါတယ်။ 
ယခုအခါ ကားကို တစ်နာရီ ကီလိုမီတာ ၃၀ ထက် ပိုမမြန်အောင် အီလက်ထရွန်းနစ်နည်းလမ်းဖြင့်  ထိန်းချုပ်ပေးနိုင်လို့ လွယ်ကူပါတယ်။
ကားကို “A-traktor” ဖြစ်အောင် ပြောင်းပေးဖို့ ဆွီဒင်သုံးငွေ ခရိုနော ၂၅,၀၀၀ ($2400) ဝန်းကျင် ပေးရပါတယ်။
ဆွီဒင်မှာ A-traktor ပြောင်းလဲထားတဲ့ကား စီးရေ ငါးသောင်း ဝန်းကျင် ရှိပါတယ်။ 
ကားကို “A-traktor” ဆိုတာသိအောင် အနီရောင် တြိဂံ အမှတ်အသားကို ယာဉ်နောက်ဖက်မှ ကြည့်လျှင် မြင်သာတဲ့နေရာမှာ ထားရှိပေးရပါတယ်။
ကားမှာ နောက်ထိုင်ခုံတွေ ဖယ်ရှားထားရပါတယ်။ ယာဉ်မောင်းထိုင်ခုံနှင့် ဘေးမှ ထိုင်ခုံတို့ကိုသာ ခွင့်ပြုပါတယ်။ 
အသက် ၁၅ နှင့်အထက်ကို ထုတ်ပေးတဲ့ စကူတာ ယာဉ်မောင်းလိုင်စင် သို့မဟုတ် အသက် ၁၆ နှစ်ပြည့်ပြီးသူကို ထုတ်ပေးတဲ့ ထရက်တာ ယာဉ်မောင်းလိုင်စင်ဖြင့်လည်း “A-traktor” မောင်းခွင့် ရှိပါတယ်။
Source AFP
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 173 times