ဆူဇူကီးဆွစ် ကားအမျိုးအစားမှာ ဖြစ်တတ်တဲ့ ပြဿနာတချို့


ဂျပန်အခြေစိုက် ဆူဇူကီးကားကုမဏီကထုတ်လုပ်တဲ့ Suzuki Swift ကား အမျိုးအစားဟာ carcomplaints .com ရဲ့အဆိုအရ ၂၀ဝ၇ မော်ဒယ်လ်ကား အမျိုးစားဟာ ကွန် ပလိန်းအများဆုံးဖြစ်ပြီး အင်ဂျင်ပြဿနာအဖြစ်များပါတယ်။

အင်ဂျင်ပြဿနာ

၂၀ဝ၇ မော်ဒယ်လ် Suzuki Swift ကို မိုင် ၄၁,ဝဝဝ မောင်းနှင်ပြီးတဲ့အခါ အင်ဂျင် က တဖျစ်ဖျစ် အသံမြည်လာတာ၊ မောင်းနှင်နေရာက ရပ်တန့်သွားတာမျိုး ဖြစ်တတ်ပါတယ်။ Crankshaft sensors တွေ ချို့ ယွင်းတာအဖြစ်များပြီး အသစ်လဲလှယ်ရ မှာ ဖြစ်တယ်။

 

ဘရိတ်ပြဿနာ

၁၉၉၀ မော်ဒယ်လ်ကနေ ၂၀ဝ၁ မော်ဒယ်လ်အထိ အဖြစ်များပါတယ်။ ဘရိတ်တံကို နင်းတဲ့အခါ တုန်ခါနေပြီး ဘရိတ်ရော့တာ (brake rotors) တွေကို ပုံမှန်အလုပ်မလုပ်စေတာပါ။ အဲဒါဟာ lug nut torque မညီညာတာကြောင့် ဖြစ် တယ်။

 

အတွင်းခန်းမီးချို့ယွင်းတာ

၁၉၉၀၊ ၁၉၉၁၊ ၁၉၉၄ နဲ့ ၁၉၉၅ မော် ဒယ်လ်ကားအမျိုးအစားတွေမှာ အဖြစ် များပါတယ်။ တံ ခါးဘောင်မှာ တပ်ဆင် ထားတဲ့ မီးခလုတ်ချို့ယွင်းတာကြောင့် ကားအတွင်းခန်းမီး မလင်းေ တာ့ တာပါ။ ခလုတ်သစ်တစ်ခုနဲ့ လဲလှယ်ဖို့ လိုအပ်တာ ဖြစ်တယ်။

 

အင်ဂျင်ယိုစိမ့်တာ

၁၉၉၀၊ ၁၉၉၁ နဲ့ ၁၉၉၂ မော်ဒယ်လ် ကားအမျိုးအစားတွေမှာ အင်ဂျင်ကယိုစိမ့် တဲ့ပြဿနာ အဖြစ်များပါတယ်။ အဲဒါဟာ throttle -body bas gasket ဂာစကတေ ချို့ယွင်းတာဖြစ်ပြီး ချို့ ယွင်းတဲ့ဂက်စ်ကက်ကို စစ်ဆေးရှာဖွေပြီး အသစ်လဲလှယ်ရပါမယ်။

 

အေဘီအက်စ်မီးလင်းတာ

Anti-Lock Brake System (ABS) အချက်ပြမီးလင်းလာတာပါ။ အဲဒါက ၁၉၉၅၊ ၁၉၉၆ နဲ့ ၁၉၉၇ မော်ဒယ်လ်တွေမှာ အဖြစ်များပါတယ်။ ပူတဲ့ရာသီနဲ့ စိုထိုင်းတဲ့ ရာသီတွေမှာ အဖြစ်များ ပါတယ်။ အေဘီအက်စ် motor pack ကို စစ်ဆေးပြုပြင် တာ၊ လိုအပ်တဲ့ အစိတ်အပိုင်းတွေ လဲ လှယ်တာတွေ ပြုလုပ်ရပါမယ်။

 

အင်ဂျင်ချက်မီးလင်းတာ

၁၉၉၄၊ ၁၉၉၅ နဲ့ ၁၉၉၆ မော်ဒယ်လ်ကားအမျိုးအစားကို မိုင် ၁၅၂,ဝဝဝ မောင်း နှင်ပြီးတဲ့အခါ အင်ဂျင်ချက်မီးလင်းလာတာပါ။ အရည်အသွေးနိမ့်တဲ့ လောင်စာဆီ ဒါမှမဟုတ် မသန့်စင် တဲ့ လောင်စာဆီတွေ အသုံးပြုတဲ့အတွက် ဖြစ်တာများပါတယ်။ ကွန်ပျူတာထိုးစစ်တဲ့အခါ မီး မ ကူးတာ (misfire) ဒါမှမဟုတ် အောက်ဆီဂျင်အာ ရုံခံကိရိယာ (oxygen sensor) ပျက်စီး တာ အဖြစ်များပါတယ်။

 

စက်ခေါင်းအဖုံးအံလွဲနေတာ

၁၉၉၀၊၁၉၉၁၊၁၉၉၂နဲ့၁၉၉၃ မော်ဒယ်လ်ကားအမျိုးအစားတွေမှာ ရှေ့အဖုံးဘောနက်အံလွဲနေတာမျိုးပါ။ ဘောနက်ရဲ့ အနားတစ်လျှောက်မှာ လွဲချော်နေတာပါ။ ဝါရှာ (washer) ဆိုက် အ ကြီးတွေ တပ်ဆင်အသုံးပြုရင် အဖုံးအံကိုက်ဖြစ်သွားနိုင်ပါ တယ်။

 

သာမိုစတက်ချို့ယွင်းတာ

၂၀ဝ၆ မော်ဒယ်လ်ကို ၇၄,၅၆၅ မိုင် မောင်းနှင်ပြီးတဲ့အခါ ကားမောင်းနေစဉ် အင်ဂျင်အပူရှိန် လွန်ကဲတာ ဖြစ်တယ်။အင်ဂျင်အအေးပေးစနစ်တွေကိုစစ်ဆေးတဲ့အခါ ရေဒီယာတာက ပြဿနာရှိနေပါတယ်။ သာမိုစတက်အဖွင့်အပိတ်မလုပ်တာပါ။ ချို့ယွင်းချက်ရှိနေတဲ့ သာမိုစတက်ကို အသစ်လဲလှယ်ရပါမယ်။

 

ကားအရှေ့ပိုင်းက အသံမြည်တာ

၂၀ဝ၆ မော်ဒယ်လ်ကို ၉၉,၄၁၉ မိုင် မောင်းနှင်ပြီးတဲ့အခါ အင်ဂျင်က ခေါက်သံမြည်တတ်တာပါ။ မီးတိုင်မင်စောတာ၊ မီး ပေးစောတာကြောင့် ဖြစ်တတ်ပါတယ်။ ကားရဲ့ အရှိန်မြှင့်တင်လိုက်တိုင်း ဆက်တိုက်ထွက်လာတတ်ပါတယ်။မီးပွားစောတာ၊အသုံးပြုတဲ့ လောင်စာဆီညံ့တာ၊ အောက်တိန်းနံပါတ်နိမ့်တွေအသုံးပြုတာ၊အလိုအလျောက်မီးပွားရှေ့ပြေးကိရိယာလုပ်ဆောင်မှု မြန်လွန်းတာ၊ ဖိအားအချိုး မြင့်လွန်းတာတွေကြောင့် အင်ဂျင်ကနေ ခေါက်သံထွက်လာပါတယ်။

အောင်ထွန်းဦး

Read 3723 times