ပြောင်းလဲမှု အမျိုးမျိုးဖြင့် ထုတ်လုပ်လာခဲ့သော Suzuki Swift


Suzuki Swift ကို ၂၀၀၀ ပြည့်နှစ်က စတင်ထုတ်လုပ်ပြီး မျိုးဆက်သုံးဆက် ပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။

ပထမမျိုးဆက်ကို ၂၀၀၀ မှ ၂၀၀၄ ၊ ဒုတိယမျိုးဆက် ကို ၂၀၀၄ မှ ၂၀၁၀၊ တတိယမျိုး ဆက်ကိုတော့ ၂၀၁၀ မှ ယခုချိန်အထိ ထုတ်လုပ်နေဆဲဖြစ်ပါသည်။

၂၀၀၀ မှာ စတင်ထုတ်လုပ်သော ပထမမျိုးဆက်ကို HT Chassis ID နှင့်ထုတ်လုပ်ထားသည့်အတွက် HT ပါသော Chassis ဆိုလျှင် ပထမမျိုးဆက်ဟုမှတ်သားရလွယ်ပါသည်။

ထိုမျိုးဆက်တွင် ဂရိတ်များကို SX, SG, SE, SG Areo, SE-Z, L Limited, Sport, SG-X, XE, XG နှင့် SF
ဆိုပြီး ဂရိတ်အများအပြား ထုတ်လုပ်ထားသည်ကိုတွ့ရပါသည်။

ဂရိတ်တွေအများကြီး ခွဲထုတ်ထားသော်လည်း အခြေခံဂရိတ်များမှာ SX, SG နှင့် SE ဆိုသည့် ဂရိတ်သုံးမျိုးဖြစ်ပါသည်။

အတွင်းခန်းဂရိတ်များတွင် အပြင်ပိုင်း တပ်ဆင်ထုတ်လုပ်မှုများပါ ကွာခြားချက်သိပ်မရှိဘဲ အင်ဂျင်အရွယ်အစားနှင့် 4WD/2WD အပေါ် မူတည်ပြီး ဂရိတ်များကို ခွဲခြားထုတ်လုပ်သည်ကို တွေ့ရပါသည်။

အင်ဂျင်အရွယ်အစားများကို ၁၃၀၀ စီစီနှင့် ၁၅၀၀ စီစီနှစ်မျိုး ထုတ်လုပ်ပါသည်။

ဂီယာများကို မန်န ျူရယ် ဂီယာငါးချက်နှင့် အော်တိုဂီယာလေးချက် ထုတ်လုပ်ပါသည်။

နောက်မှန်ဝိုက်ဘာ ပါဝင်သည်ကိုတွေ့ရပြီး SG နှင့် SE ဂရိတ်များကို ရှေ့မှန်ပါဝါနှင့် ထုတ်လုပ်ပါသည်။

အဲကွန်းကို ဂရိတ်အားလုံးအတွက် ရှေ့ခန်းအဲကွန်း လေးပေါက်နှင့် ထုတ်လုပ်ပါသည်။

ဒုတိယမျိုးဆက်ကို ၂၀၀၄ မှ ၂၀၁၀ အထိ ထုတ်လုပ်ခဲ့ပြီး ပထမမျိုးဆက်နှင့် ပုံစံဒီဇိုင်း ကွဲပြားသွားပြီဖြစ်ပါသည်။

ဒီဇိုင်းပိုင်းကို ပုံစံပြောင်းလိုက်ခြင်းကြောင့် Sport Swift ဟု နာမည်ပြောင်နှင့် ခေါ်ခြင်းလည်းရှိပါသည်။

အင်ဂျင်ပိုင်းပြောင်းလဲထုတ်လုပ်ခြင်းမရှိသော်လည်း အတွင်းခန်း ဂရိတ်များနှင့် ဒီဇိုင်းပိုင်းများက အပြောင်းအလဲများသွားသည်ကို တွေ့ရပါသည်။

ရှေ့ နောက်မီးခွက် ပုံပြောင်းခြင်း၊ ရှေ့ ရှဲလ်နှင့် ဘောနက်ပုံပြောင်းခြင်းများမှအစ အပြင်ပိုင်း ဒီဇိုင်းအားလုံး နီးပါး ပြောင်းလဲထားသည်ကို တွေ့ရပါသည်။
အတွင်းခန်းကိုလည်း ဂရိတ်အလိုက် အဆင့်မြှင့်ပြီး ထုတ်လုပ်ထားပါသည်။

အခြေ ခံဂရိတ်များကXE, XG, XS နှင့် Style ဆိုပြီး ထုတ်လုပ်ထားပြီး အခြေခံဂရိတ်လေးမျိုးအပြင် ဂရိတ်ခွဲများကိုလည်း ထုတ်လုပ်ထားပါသည်။

XE ဂရိတ်က အနိမ့်ဆုံးဖြစ်ပြီး Style ဂရိတ်ကတော့ အမြင့်ဆုံး ဖြစ်ပါသည်။

XS ဂရိတ်ကိုတော့ ၁၅၀၀ စီစီ အင်ဂျင်တစ်မျိုးတည်းနှင့် ထုတ်လုပ်ထားပြီး Sport ဂရိတ်ဟုလည်း လူသိများပါသည်။

Chassis ID များကို ZC, ZD ဆိုပြီး နှစ်မျိုးခွဲခြားထုတ်လုပ်ပါသည်။ ZD Chassis ID များက 4WD များဖြစ်ပြီး
ZC Chassis ID များကို 2WD များအဖြစ် ထုတ်လုပ်ထားပါသည်။

အင်ဂျင်အရွယ်အစားများကို ၁၃၀၀ စီစီနှင့် ၁၅၀၀ စီစီ များအပြင် ၁၂၀၀ စီစီ အင်ဂျင်ကိုပါ ဖြည့်စွက်ထုတ်လုပ်လာသည်ကို တွေ့ရပါသည်။

အတွင်းခန်းအဲကွန်းကို မော်ဒယ်အလိုက် လက်လှည့်နှင့် အော်တိုဆိုပြီး နှစ်မျိုးခွဲ ခြားတပ်ဆင်ထုတ်လုပ်ထားပါသည်။

တတိယမျိုးဆက်ကို ၂၀၁၀ မှ ယခုအချိန်ထိ ထုတ်လုပ်နေဆဲဖြစ်ပြီး ဒီဇိုင်းပိုင်းက ပိုပြီးသွက်လက်သော ဒီဇိုင်းနှင့် Sport Type ဒီဇိုင်းပိုပြီးအသား ပေးထုတ်လုပ်လာသည်ကို တွေ့ရပါသည်။

ရှေ့နောက်ရှဲလ်များနှင့် မီးခွက်ဒီဇိုင်းများ အနည်းငယ် ပြောင်းလဲသွားပြီး ဒီဇိုင်းပိုင်းက ပိုပြီးသွက်လက်သော ဒီဇိုင်းပုံစံ ဖြစ်လာပါသည်။

ဂရိတ်တွေကို XG, XL, XS နှင့် RS ဆိုပြီး လေးမျိုးကို အခြေ ခံဂရိတ်များအဖြစ် ထုတ်လုပ်ပါသည်။

ဂရိတ်ခွဲများကို တခြားမျိုးဆက်များတုန်းကလိုပဲ ခွဲခြားထုတ်လုပ်ထားပြီး ဂရိတ်တစ်ခုနှင့်တစ်ခု ကွဲလွဲသည်များက Push Start, Back Mirror Light, အလွိုင်းခွေ ဖြစ်ခြင်း၊ အဲကွန်းအော်တိုဖြစ်ခြင်းများ ဖြစ်ပါသည်။

Chassis ID များကို ဒုတိယမျိုးဆက်တုန်းကလိုပဲ ZC နှင့် ZD နှစ်မျိုးထုတ်လုပ်ပြီး ZC က 2WD, ZD က 4WD ဆိုပြီး နှစ်မျိုး ခွဲခြားထုတ်လုပ်ပါသည်။

ထိုမျိုးဆက်တွင် ထူးခြားသည်က ၂၀၁၃ နောက်ပိုင်းထုတ် မော်ဒယ်များထဲမှာ Sport Type ဒီဇိုင်းကို အနည်းငယ်ပြောင်းလဲ ထုတ်လုပ်လာခြင်း ဖြစ်ပါသည်။

 

 

Read 704 times