Suzuki Swift ကားအမျိုးအစားများတွင် ဖြစ်ပေါ်လေ့ရှိသော ပြဿနာများ


ဂျပန်အခြေစိုက် Suzuki ကားကုမ္ပဏီမှ ထုတ်လုပ်သော Suzuki Swift ကားအမျိုးအစားဖြစ်သော carcomplaints.com ၏ အဆိုအရ ၂၀၀၇ မိုဒယ်ကားအမျိုးအစားသည် Complaints

အများဆုံးဖြစ်ပြီး အင်ဂျင်ပြဿနာအဖြစ်များပါသည်။

၂၀၀၇ မိုဒယ် Suzuki Swift ကို မိုင် ၄၁၀၀၀ မောင်းနှင်ပြီးသောအခါ အင်ဂျင်က တဖျစ်ဖျစ် အသံမြည်လာခြင်းနှင့် မောင်းနှင်ရာမှ ရပ်တန့်သွားခြင်းမျိုး ဖြစ်တက်ပါသည်။

Crankshaft sensors များ ချို့ယွင်းခြင်းများ အဖြစ်များပြီး အသစ်လဲလှယ်ရမည်ဖြစ်ပါသည်။

Suzuki Swift တွင် ဘရိတ်ပြဿနာမှာ ၁၉၉၀ မိုဒယ်မှ ၂၀၀၁ မိုဒယ်အထိ အဖြစ်များပါသည်။

ဘရိတ်တံကို နင်းသောအခါ တုန်ခါနေပြီး ဘရိတ်ရော့တာ (brake rotors) များကို ပုံမှန်အလုပ်မလုပ်စေခြင်းမှာ Lugnut torque မညီညာခြင်းကြောင့် ဖြစ်ပါသည်။

အတွင်းခန်းမီးချို့ယွင်းခြင်းသည် ၁၉၉၀၊ ၁၉၉၁၊ ၁၉၉၄ နှင့် ၁၉၉၅ မိုဒယ်များတွင် အဖြစ်များပါသည်။

တံခါးဘောင်တွင် တပ်ဆင်ထားသော မီးခလုတ်ချို့ယွင်းခြင်းကြောင့် ကားအတွင်းခန်း မီးမလင်းတော့ခြင်း ဖြစ်ပါသည်။

ခလုတ်အသစ်တစ်ခုနှင့် လဲလှယ်ရန်လိုအပ်ပါသည်။

၁၉၉၀၊ ၁၉၉၁နှင့် ၁၉၉၂ မိုဒယ်ကားအမျိုးအစားများမှာ အင်ဂျင်ကယိုစိမ့်သော ပြဿနာများအဖြစ်များပါသည်။

ထိုပြဿနာသည် throttle-body bas gasket ချို့ယွင်းခြင်းဖြစ်ပြီး ချို့ယွင်းသော ဂက်စ်ကက်ကို စစ်ဆေး ရှာဖွေပြီး အသစ်လဲလှယ်ရပါမည်။

Anti-Lock Brake System (ABS) အချက်ပြမီးလင်းလာခြင်း ပြဿနာသည် ၁၉၉၅၊ ၁၉၉၆ နှင့် ၁၉၉၇ မိုဒယ်များတွင် အဖြစ်များပါသည်။

ပူသောရာသီနှင့် စိုထိုင်းသောရာသီများတွင်အဖြစ်သောကြောင့် ABS motor pack ကို စစ်ဆေးပြုပြင်ခြင်း၊ လိုအပ်သော အစိတ်အပိုင်းများ လဲလှယ်ခြင်းများ ပြုလုပ်ရပါမည်။

၁၉၉၄၊ ၁၉၉၅နှင့် ၁၉၉၆ မိုဒယ်ကားအမျိုးအစားကို မိုင် ၁၅၂၀၀၀ မောင်းနှင်ပြီးသောအခါ အင်ဂျင်ချက်မီးလင်းလာခြင်းမျိုး ဖြစ်တက်ပါသည်။

အရည်အသွေးနိမ့်သော လောင်စာဆီ သို့မဟုတ် မသန့်စင်သော လောင်စာဆီများ အသုံးပြုသည့်အတွက် အဖြစ်များခြင်းမျိုးဖြစ်ပါသည်။

ကွန်ပျူတာထိုးစစ်သည့်အခါ မီးမကူးခြင်း (misfire) သို့မဟုတ် အောက်ဆီဂျင်အာရုံခံကိရိယာ (oxygen sensor) ပျက်စီးခြင်းမျိုးအဖြစ်များပါသည်။

၁၉၉၀၊ ၁၉၉၁၊ ၁၉၉၂နှင့် ၁၉၉၃ မိုဒယ်ကားအမျိုးအစားများတွင် ရှေ့အဖုံးဘောနက်အံလွဲနေခြင်းမျိုး၊ ဘောနက်၏ အနားတစ်လျှောက်တွင် လွဲချော်နေခြင်းမျိုးဖြစ်တက်ပါသည်။

ဝါရှာ (washer) ဆိုက်အကြီးများ တပ်ဆင်အသုံးပြုလျှင် အဖုံးအံကိုက်ဖြစ်သွားနို်င်ပါသည်။

သာမိုစတက်ချို့ယွင်းခြင်းသည် ၂၀၀၆ မိုဒယ်ကို ရ၄၅၆၅ မိုင်မောင်းနှင်ပြီးသောအခါ အင်ဂျင်အပူရှိန်လွန်းကဲ့ခြင်းကြောင့် ဖြစ်ပါသည်။

အင်ဂျင်အအေးပေးစနစ်များကို စစ်ဆေးသည့်အခါ ရေဒီယာတာက သာမိုစတက်အဖွင့်အပိတ်မလုပ်သော ပြဿနာရှိနေပါသည်။

ထိုအခါ ချို့ယွင်းချက်ရှိနေသော သာမိုစတက်ကို အသစ်လဲလှယ်ရမည်ဖြစ်ပါသည်။

၂၀၀၆ မိုဒယ် Suzuki Swift သည် ၉၉၄၁၉ မိုင် မောင်းနှင်ပြီးသောအခါ အင်ဂျင်က ခေါက်သံ မြည်တက်ပါသည်။

မီးတိုင်မင်စောခြင်း၊ မီးပေးစောခြင်းကြောင့် ဖြစ်တက်ပါသည်။

ကား၏ အရှိန်မြှင့်တင်လိုက်တိုင်း ဆက်တိုက် ထွက်ပေါ်လာတက်ပါသည်။

မီးပွားစောခြင်း၊ အသုံးပြုသော လောင်စာဆီညံ့ခြင်း၊ အောက်တိန်းနံပါတ်နိမ့်သော လောင်စာဆီများ အသုံးပြုခြင်း၊ အလိုအလျောက်မီးပွားရှေ့ပြေးကိရိယာလုပ်ဆောင်မှု မြန်လွန်းခြင်း၊

ဖိအား အချိုး မြင့်လွန်းခြင်းများကြောင့် အင်ဂျင်မှ ခေါက်သံထွက်လာတက်ပါသည်။

ယခုဖော်ပြခဲ့သော အချက်များသည် Suzuki Swift တွင် ဖြစ်ပေါ်တက်သော ပြဿနာများပင်ဖြစ်ပါသည်။

 

Read 928 times